13 (Unicode)

628 105 21
                                    

အဲ့ဒီည..... အဲ့ဒီ ပထမဆုံးသော နှင်းတွေကျသွားတဲ့ ညလေးပြီးသွားတဲ့ ​ေနာက်မှာတော့ Harutoဆိုတဲ့ ကောင်လေးကို Park Jeongwoo အချစ်ပိုလာခဲ့သည်ဟု ဆိုရမည်။ဥပမာပြောရရင်....

Jeongwoo စာကြည့်တိုက်မှာ တစ်ယောက်တည်းလေးပဲ စာသွားဖတ်တဲ့အချိန်မျိုး...?

Haruto စာအုပ်တစ်အုပ်ကို ကိုင်ပြီး ရုတ်တရပ်ရောက်လာတာကြောင့် Jeongwooမေးလိုက်သည်။

"Ruto-yaa? ဒီကို ဘယ်လိုလုပ်.."

"ရှူး... စကားမပြောနဲ့။ ​ဒါ စာကြည့်တိုက်လေ ကိုယ့်ဟာကိုယ် ဆက်ဖတ်" ဆိုပြီး လက်ထဲက စာအုပ်ကို ပြောင်းပြန်ကြီးကိုင်ပြီးဖတ်ရင်း ပြောလာတဲ့ Harutoကို

"Ruto-yaa မင်းစာအုပ် ပြောင်းပြန် ဖြစ်နေတယ်"

"ဟမ်...ဪ......အင်း" ဆိုပြီး စာဖတ်သလိုလိုနဲ့ လူကို စိုက်ကြည့်နေတဲ့ ကောင်လေး။

**ကျွန်တော် စာကြည့်တိုက်မှာ တစ်ယောက်တည်းစာလာဖတ်တိုင်း အမြဲလိုလို အတူတူစာကူဖတ်ပေးတာမျိုး**

"Ya!! ဟိုဘက်တိုးစမ်း"

"အား... မင်း ဘာလို့ဇွတ်တိုးနေတာလဲ"

"ဇွတ်မတိုးနဲ့လေ"

ပွက်လောရိုက်နေတဲ့ ကျောင်းက မုန့်ဆိုင်..... Haruto စိတ်မရှည်တော့သည်မို့ တစ်ခါမှ လူတွေရှေ့မှာ မအော်ဖူးတဲ့ အာပြဲလျှာပြဲအသံကြီးနှင့် စျေးဆိုင်က အန်တီကြီးကို လှမ်းအော်လိုက်တယ်။

"အန်တီရေ spicy porkနဲ့ rice soup Setတစ်ခုနဲ့ tteokbokki 1ပွဲ ပေးပါ"

လက်ကို အတင်းတိုးပြီး အန်တီကြီးဆီကို ပိုက်ဆံအတင်းထည့်ပေးရင်း Jeonwooအရမ်းကြိုက်တဲ့ Spicy pork Rice soupနဲ့ tteokbokkiကို Haruto မရရအောင် ဝယ်လိုက်သည်။

"ရော့"

ခပ်မာမာအသံနဲ့ ဝယ်လာတာတွေကို နေ့လည်တိုင်းလာပေးတတ်တဲ့ Park Jeongwooရဲ့ ချစ်ရသူကြီး...

Rutoဝယ်ပြီး လာပေးတိုင်းလည်း Jeongwooက အမြဲ ဤသို့ပဲတုံ့ပြန့်တတ်သည်။

"Oh? ဒါ ကျောင်းကန်တင်းက အန်တီByulရဲ့ ဝယ်ရခက်တဲ့ Set2ခုပဲ။ကျေးဇူးပဲ Ruto..." ဆိုတဲ့ စကားကို အချိုသာဆုံးပြောရင်း အမြဲဆွဲဖက်ပေးတတ်သည်။

My Dear IKSAN PENGUIN  • ʰʲʷWhere stories live. Discover now