8 (Unicode)

656 117 11
                                    

မျက်လုံးဖွင့်ဖွင့်ချင်း မြင်ရတဲ့လူကြောင့် ​နောက်ကိုနည်းနည်းဆုတ်မိပြီးမှ ကျွန်တော့်ပါးစပ်ကထွက်လာတာက

"အမ် Jaehyukie Hyung? "

"အင်း ဒီမှာ Hyungရပ်နေတာ ကြာ​ေနပြီ။ banana milkကို မင်းscanဖတ်ဖို့
စိတ်ကူးမရှိတော့ဘူးဆိုရင်လည်း ပြော"

Park Jeongwooက ရှက်ရှက်နဲ့ ခေါင်းကုပ်လိုက်ပြီး ရယ်မောရင်း ပြောတယ်။

"ပေးဗျာ! ကျွန်တော် ခုနက မမြင်လိုက်လို့ပါ Hyungကလည်း~ လာဝယ်ရင်အသံလေး ဘာလေးပေးရမှာကို! ပါးကို အေးသွားတာပဲ"

ပါးအေးလို့ လက်တစ်ဖက်က ပါးလေးကို ပွတ်ဆွဲရင်း ကျန်လက်နဲ့ banana milkကို လက်ဖြန့်တောင်းနေသော
Jaehyuk ညီလေးလို ချစ်ရသူ။ ဒီကလေးက တကယ်ကို သူ့အတွက်မွေးချင်းတစ်ယောက်လိုခံစားချက်မျိုးကို ပေးစွမ်းသည်။

ဟိုတစ်ခေါက် တွေ့ပြီးတဲ့နောက် Jaehyuk Hyungက ကျွန်တော့်ကို အကြောင်းစုံပြောပြခဲ့တယ်။ကျွန်တော်နဲ့ အကျင့်တွေ ဆင်တူတဲ့ သူ့ရဲ့ညီလေး...သူ့ကြောင့် အက်ဆီးဒင့်ဖြစ်ပြီး
ဆုံးပါးသွားခဲ့တယ်တဲ့။ Hyungပြောသလိုဆို ကျွန်တော်နဲ့ သူ့သူငယ်ချင်းနှစ်ယောက်ပဲ ဒီအကြောင်းကို သိသလိုလို။ ထားပါတော့... ဒါကြောင့်လည်းကျွန်တော့်ဘက်က Hyungကိုအကိုတစ်ယောက်လို ပေါင်းလာခဲ့တာ။ Hyungရဲ့ ဆိုးသွမ်းမှုတွေက တစ်ခါတစ်ခါဆို သူများတွေအပေါ် ထဖောက်တတ်ပေမဲ့ ကျွန်တော့်ကိုတော့ Hyungက ဒုက္ခမပေးတဲ့အပြင် အမြဲကာကွယ်ပေးသေးတယ်။ Dobbyနဲ့ Yedam Hyungက
မပေါင်းဖို့ ခနခနပြောပေးမဲ့ မနေနိုင်တဲ့ ကျွန်တော်ကပဲ ရှေ့ဆက်တိုးပြီး Jaehyukie Hyungရဲ့ ညီလေးဖြစ်လာခဲ့တယ်။

"Jeongwooက ဘာလို့ အချိန်ပိုင်းတွေ လုပ်နေရတာလဲ! ဟိုတစ်ခါက Jeongwooလိုချင်တဲ့ J.K ရဲ့ စာအုပ်တွေ Hyungမှာပေးထားတာကို...
ခုကရော စာအုပ်ထပ်ဝယ်ချင်လို့လား"

"အင်း Hyung"

"Hyungကို ပြောတာမဟုတ်ဘူး။ ငါ့ညီလေးလိုချင်တာဆို နောက်ဆို Hyungကိုပဲ ပြောထား။ Hyungက အကုန်ဖြည့်ဆည်းပေးမှာ"

"မဟုတ်တာ... Hyungကလည်း ကျွန်တော် အလုပ်လုပ်ဖူးချင်သေးတယ်လေဗျာ အဲ့ဒါကြောင့်ပါ ဟဲဟဲ"

My Dear IKSAN PENGUIN  • ʰʲʷWhere stories live. Discover now