29 (Unicode)

471 61 7
                                    

ဇွတ်အတင်း ၁ရက်နေ့လုပ်ပြီး
Jeongwooကို တွဲဖို့ ပြောခဲ့မိတဲ့
ညက ကိုယ့်ပုံရိပ်တွေ ကိုယ်ပြန်တွေးမိရင်း အရှက်မရှိခဲ့သလို ခံစားမိသည်။

Jeongwooဘက်က စပေးခဲ့တဲ့  ၃ စက္ကန့်စာ အနမ်းတစ်ခုလေးအတွက်နဲ့ Harutoက ဤနေ့မနက် မျက်နှာသစ်တဲ့အခါ နှဖူးကိုချန်လှပ်ထားခဲ့သည်။ သူ့နှဖူးကို လုံးဝမှ မျက်နှာမသစ်ခဲ့။

ရေချိုးတော့လည်း နှဖူးကို ရေထိမှာကြောက်တယ်ဆိုတဲ့အကြောင်းပြချက်ကြီးနဲ့ မျက်နှာကို ဆပ်ပြာမတိုက်။

မင်းသားတစ်ယောက်အနေနဲ့ အချစ်ရူးရူးတော့လည်း ယခု ရောက်နေသည့် ရိုက်ကွင်းမှာတောင် မိတ်ကပ်မပြင်ဘူး၊အထိမခံဘူး....ဘာဘူး၊ညာဘူးနဲ့ အသက်အရွယ်နှင့် မလိုက်၊ ဂျီကျနေ၍ stylishအမက ဇောချွေးတွေစပြန်လာပြီး အခက်တွေ့နေရချေပြီ။

"Haruto-shi နှဖူးကိုလည်း မိတ်ကပ်နည်းနည်းတော့ ပြင်ရမှာပေါ့နော်။ ဒီလိုမလုပ်ပါနဲ့ ကျွန်မ တကယ် အလုပ်ပြုတ်သွားမှာ ကြောက်လို့ပါ "

"ဟုတ်တယ်လေ Harutoရာ။ မင်းကလည်း ဒီဘာမဟုတ်တဲ့ နှဖူးကို မိတ်ကပ်ပြင်တာ ဘာလို့ အဲ့လောက်ထိ ပေကပ်နေရတာလဲ"

ဘေးနားကနေ ခါးထောက်ပြီးမျက်လုံးစိမ်းကြီးနဲ့ရန်ထောင်နေတဲ့ Doyoungစကားကိုကြားတော့ Harutoက ကျစ်တစ်ချက်သပ်ပြီး "ဘာကို ဘာမှမဟုတ်ရမှာလဲ။ ဒါကလေ မနေ့ညက ဂျောင်...."

"အာ မသိတော့ဘူး ဘာပဲဖြစ်ဖြစ် ဒီနှဖူးက အရေးကြီးတယ်ကွာ အဲ့တော့ ဘယ်သူမှလာမထိကြနဲ့"

Harutoက သူ့ပါးစပ်ကနေ လွတ်ခနဲ Jeongwoo နာမည်ကို ပြောထွက်မိသွားတာကြောင့် Kim Doyoungသည် မနေနိုင်တော့ပဲ မဲ့ပြုံးကြီးပြုံးကာ သိချင်ဇောနဲ့ကပ်မေးလိုက်သည်။

"ဘာများလဲနော် Jeongဆိုတာက.... Jeongwooနဲ့ ဘာဖြစ်ခဲ့တာလဲ"

"မနေ့ညကြ ပထမဆုံးkissလေ။ ဟားဟားဟား မင်းတောင် သူများဆီကအနမ်းမခံရဖူးဘူးမလား ငါက လက်ဦးသွားပြီ"

Harutoက အာခေါင်သံကြီးနဲ့ တဟားဟားရယ်ရင်း စကားဆုံးခါနီးကြမှ လျှာထုတ်ပြီး ပြောင်စပ်စပ် ပြောလိုက်သည်။

"ဘာ!!!! Kiss? ဟေ့ကောင် မင်း တကယ်ကြီး ပြောနေတာလား"

"ဒါပေါ့ မနေ့က ငါတို့နာရီဝက်လောက် နမ်းခဲ့တာ"

My Dear IKSAN PENGUIN  • ʰʲʷWhere stories live. Discover now