"တီတီတီတီ တီတီတီတီ"
နေရောင်ခြည်က မိုးပြာရောင်လိုက်ကာပါးလေးကို ထွင်းပြီး ခြုံစောင်အထူကြီးနဲ့ ကွေးကွေးလေး အိပ်နေတဲ့ ကောင်လေးတစ်ယောက်ပေါ်သို့ ဖြာကျလျက်
7နာရီအတိ သံပတ်ပေးထားသော နိုးစက်လေးမှ တဂျော်ဂျော်မြည်နေပေမဲ့ အိပ်ယာပေါ်က အနှီကောင်လေးကတော့ တုတ်တုတ်မှ မလှုပ်။
"Ya!! Park Jeongwoo! မင်း ခုထိ မထသေးဘဲ ဘာလုပ်နေတာလဲ ထ ထ ထတော့လို့!!"
အကိုဖြစ်သူမှ တံခါးကို တဗုန်းဗုန်းခေါက်ပြီး အော်နေလည်း ထိုသကောင့်သားကတော့ ဘေးတစောင်းကွေးအိပ်နေရာကနေ ပက်လက်တောင် လန်လိုက်သေးသည်။
စိတ်မရှည်တတ်သော အကိုဖြစ်သူ Park Jihoonတစ်ယောက် တံခါးဆွဲဖွင့်ပြီး
"Ya! Park Jeongwoo!! ဟေ့ကောင် ထတော့လို့" ဟု နားနားလေး အော်နှိုးမှ
ထထိုင်ရင်းပြောလာသောစကားက...."အာ Hyungက စိတ်ဓာတ်ပဲ မနေ့ညမှ Hyungနဲ့အတူ gameကူဆော့ပေးလိုက်လို့ပင်ပန်းနေတာလေ ဝှားးးး
အိပ်ရေးတောင်ပျက်တယ်် ဘာကိစ္စနဲ့ အစောကြီးလာနှိုးနေတာတုန်း""ဒီနေ့က တနင်္လာနေ့လေ ကျောင်းကိုစောစောသွားရမှာပေါ့ ငါ့လို proကျောင်းသားဖြစ်ဖို့ဆို မင်း ဝီရိယလေး ဘာလေးလည်းထားပါအုံးလား ငဂျစ်ရ"
"ဒါပဲမလား ပြောချင်တာက Hyungကတော်တယ်ဆိုတာပဲမလား! ပြောပြီးပြီဆိုရင်လည်း အခန်းထဲက ထွက်တော့ ကျွန်တော် မျက်နှာသွားသစ်တော့မလို့"
**ပြောချင်ရာပြောပြီး လာနှိုးတဲ့အကိုကို ကျေးဇူးမတင်တဲ့ အကောင်ပေါက်!
ညီတစ်ယောက်ရထားလို့ အားကိုးရမလားမှတ်တယ် စာနဲ့ gameကလွဲပြီး ကျန်တာဆို လုံးဝ ကူဖော်လောင်ဖက်မဖြစ်**Jihoonဟာ သက်ပြင်းချရင်းနဲ့ပဲ
"Hyung ရေနွေးပါစပ်ပေးထားတယ် ရေပါတစ်ခါတည်းချိုးလာခဲ့နော် တော်ကြာ နံလို့ မင်းနားကို Seoulက ကျောင်းသားတွေ မကပ်ပဲနေအုံးမယ်" ဟုပြောသာ ချလိုက်သည်
.............................
Hyungပြောသလို ရေချိုးလိုက်ပြီးတာနဲ့ ကိုယ်လုံးပေါ် မှန်အရှေ့မှာ ကျောင်းuniformအသစ်လေးကို ဝတ်လိုက်တယ်။ကြယ်သီးတပ်နေရင်း မိမိကိုယ် မိမိပြန်ကြည့်လိုက်သည်။
YOU ARE READING
My Dear IKSAN PENGUIN • ʰʲʷ
Romance[Burmese] 𝗛𝗮𝗿𝘂𝘁𝗼 × 𝗣𝗮𝗿𝗸 𝗝𝗲𝗼𝗻𝗴𝘄𝗼𝗼 [completed] ✎ 𝘀𝗰𝗵𝗼𝗼𝗹 𝗮𝘂 ✎ 𝗱𝗼𝗰𝘁𝗼𝗿 𝘅 𝗶𝗱𝗼𝗹 ✎ 𝗲𝗻𝗲𝗺𝗶𝗲𝘀 𝘁𝗼 𝗹𝗼𝘃𝗲𝗿𝘀 ✎ 𝘄𝗿𝗶𝘁𝘁𝗲𝗻 𝗶𝗻 𝗕𝗨𝗥𝗠𝗘𝗦𝗘