5 (Unicode)

768 135 21
                                    

ဒီနေ့တစ်နေ့တာကတော့ ကျွန်တော့်အတွက် ကံဆိုးတဲ့နေ့တစ်နေ့။ မဟုတ်ဘူး ကံအဆိုးဆုံးနေ့ပဲဖြစ်ရမယ်။

အိမ်က အကိုတော်ကလည်း ဘာကိစ္စ ဒီနေ့မှ သူ့ကို စက်ဘီးနဲ့ကျောင်းသွားခိုင်းရတာလဲမသိ၊ အခုတော့ ေသာက်ကမြင်းကြောထတဲ့ ကလေကချေတွေချထားတဲ့ သံမှိုကြောင့် သူ့ဘီးက ပေါက်သွားပြီ။ ဟူး.... အဲ့ဒါကလည်း ကျောင်းနားရောက်ခါနီးမှဆိုတော်သေး။ အခုဟာက ကျောင်းသွားတဲ့လမ်းတစ်ဝက်မှာ သူက တန်းလန်းကြီးဖြစ်နေရပြီ။

ဒီလိုနဲ့ Park Jeongwooတစ်ယောက် သူ့ရဲ့ဘီးပေါက်နေတဲ့ စက်ဘီးကြီးကိုတွန်းပြီး ကျောင်းဆီကိုလမ်းလျှောက်သွားရပေမယ့် လွယ်အိတ်ရော စက်ဘီးအလေးချိန်ရောကြောင့် ခရီးကသ်ပ်မပေါက်၊ မောတာက ပိုအဖက်တင်နေ၏။

"ဟိတ်! ရပ်"

Park Jeongwooက ကျောင်းပေါက်ဝအနားရောက်လာနီး အသံကြားတာကြောင့် ဟိုလှည့်ကြည့်၊သည်လှည့်ကြည့်လုပ်လိုက်ပေမယ့် ဘာမှမတွေ့ရတာကြောင့် စက်ဘီးကိုဆက်တွန်းတယ်။နောက်ပြီးတော့ သူသတိထားမိသွားတာက သူ့ရှေ့ဘီးမှာ ပီကေကြီးကပ်သွားပြီဆို​တာပဲ!

"ဘယ်ကောင်က လက်ကမြင်းကြောထပြီး ပီကေကို အမှိုက်ပုံးထဲမပစ်ရတာလဲ?"

"ငါပဲ"

အသံက နောက်ကနေ ထွက်လာတာကြောင့် လှည့်ကြည့်လိုက်တော့ အရပ်ရှည်ပြီး နည်းနည်းလူဆိုးပုံပေါက်တဲ့ ကျောင်းသားကို ကျွန်တော်တွေ့လိုက်ရ၏။ကြည့်ရတာတော့ senior ကျောင်းသားပဲဖြစ်လိမ့်မယ် နားကလည်း ပန့်လိုလို rockလိုလို နားကပ်တွေဖောက်ထားသေး။

"လမ်းစည်းကမ်းကို နားလည်လေ Hyung nim!!!"

"ဘယ်လို ဘယ်လို! Hyung nim? ဘယ်သူက မင်းအကိုမို့လို့လဲ ဟေ့ကောင်လေးရဲ့"

"အသက်ကြီးတဲ့ပုံပေါက်လို့ ေလးစားသမှုနဲ့ခေါ်ပေးတာလေ ဘာတွေနာနေတာလဲ အသားပဲ့ပါသွားတာလဲမဟုတ်!"

ကပ်ကပ်လန်အောင် ပြောပြီး ခြေဆောင့်ကာ ထွက်သွားတဲ့ ဂျူနီယာကောင်လေးကို ကြည့်ရင်း Yoon Jaehyukတစ်ယောက် ညီတစ်ယောက်လိုချင်စိတ်ပေါက်သွားတော့တယ်။ တစ်ဦးတည်းသော သားဖြစ်လာတဲ့တစ်လျှောက် မိဘတွေနဲ့လည်း အကြောမတည့်တော့ သူက ဆိုးခိင်သလိုဆိုးခဲ့မိပြီး ကျောင်းလူဆိုးကြီးဂုဏ်ပုဒ်ကို မတောင်းပဲနဲ့ရထားတာကြောင့် လူတုိင်းက ရှိန်ကြသည်။ ဒါပေမယ့် အဲ့ဒီအထဲ ထိုကောင်လေးတော့ မပါ။ သူက ညည်းတွားရင်းနဲ့ပဲ ကျောင်းပေါက်ဝမှာ တစ်ယောက်တည်းကျန်ခဲ့တယ်။

My Dear IKSAN PENGUIN  • ʰʲʷWhere stories live. Discover now