28 (Unicode)

671 101 24
                                    

~ting tong~

လူခေါ်ဘဲလ်သံလေးသည် ထမင်းစားဖို့ပြင်နေသော ကျွန်တော့်အား ကြောင်အသွားစေသည်။ အိ်မ်မှာမိသားစုဟင်အသစ်ထပ်ရှိသေးလို့လားဆိုတဲ့ မေးခွန်းသည် ခေါင်းထဲဒိုင်းခနဲ။

ပေါ့ရွှတ်ရွှတ် ရီရင်း Jihoon Hyungက ဖေဖေ့အားစကားလှမ်းပြောသည်။ကျွန်တော်ကတော့ ဘာကိုမှရေရေရာရာ နားမလည်သေး။

"အို....bellသံ ကြားတယ်။ ဒီနှစ်လည်း သူထပ်ရောက်လာပြန်ပြီထင်တယ် Appa"

"သူက ဒီနှစ်လည်း ထပ်လာတာပဲလား အဲ့ကောင်လေးရဲ့ဇွဲကတော့လေ... တကယ် အောချလောက်တယ်"

"သားရေ jihoonie! တံခါးသွားဖွင့်ပေးလိုက်ပါကွယ်"

"Nae Omma"

Jihoonသည် messageကို သူ မပို့ထားသည့်အတိုင်း ဟန်ဆောင်ကာ ညီဖြစ်သူနဲ့ ယောက်ဖလောင်းကြား တိတ်တဆိတ် မြှားနတ်မောင်ဝင်လုပ်ဖို့ တံခါးဆီ အမြန် ပြေးကာ ဆွဲဖွင့်ပေးလို်က်သည်။

ထမင်းစားပွဲကူ​ပြင်ပေးနေတဲ့ Jeongwooက သူ့အဖေနဲ့ အမေပြောနေသည့် "သူ" ဆိုသောလူကို သိချင်နေမိတာကြောင့် နားစွင့်ရင်းနဲ့ပဲ ထမင်းစားဖို့ စပြင်​ေနသည်။

"Hyung ကျွန်တော်ရောက်ပြီ"

ေကာ်ဖီဆိုင်မှာ နေခဲ့မည်ဆို၍ မန်နေဂျာဖြစ်သူ Kim Doyoungကို
ထားခဲ့ရင်း maskတပ်၊ဦးထုပ်ဆောင်းပြီး လမ်းလျှောက်ရင်းနဲ့ပဲ Jeongwooတို့ အိမ်သို့ရောက်လာတာမို့ Haruto, Home Bellလေးကို တီးရင်း အနာဂတ်ယောက်ဖလောင်းအား နှုတ်ဆက်လိုက်သည်။

"အင်း Ruto ဝင်လာလေ။ ငါက မင်း မလာတော့ဘူးလို့တောင် ထင်နေတာ ဒီနှစ်ကြမှ မင်းက နောက်ကျနေတော့..."

"အလုပ်ကိစ္စလေး ရှိနေလို့ပါ Hyungရဲ့..... ဒါနဲ့ အားလုံးက ရောက်နှင့်နေတာလား"

"အင်း... ဒီနှစ်တော့ မင်းမျှော်နေတဲ့ သူပါ ရောက်ချလာတာ"

မသိဟန်ဆောင်ကာ နှစ်ယောက်သား စကားဖောင်ဖွဲ့ရင်း မျက်စ မျက်နများနှင့် အချက်ပြနေကြသည်။

ထမင်းဝိုင်းဘက်ကို Harutoလျှောက်လာတော့ Jeongwoo ထမင်းစားဖို့ကိုင်ထားတဲ့ ဇွန်းက လေထဲမှာပဲရပ်သွားပြီး လက်တွေက စတုန်ယင်လာသည်။

My Dear IKSAN PENGUIN  • ʰʲʷWhere stories live. Discover now