32 (Unicode)

402 77 4
                                    

**ring~ ring~**

အပြန်လမ်းဟာ တိုတောင်းသယောင်ယောင်ရှိလှပေမယ့် သူတို့ Harutoရဲ့ entertainmentရှိတဲ့နေရာကိုရောက်တော့ အချိန်က မစောတော့ဘူး။

ဖုန်းသံကြားတာကြောင့် Jeongwooဟာ BGအဆောက်အအုံထဲ မဝင်​တော့ဘဲ  Harutoကိုပဲ အရင်သွားခိုင်းလိုက်ပြီးမှ ဖုန်းကိုကိုင်လိုက်တယ်။

"ဟယ်လို"

တစ်ဖက်လူအသံကြားတာနှင့် Jeongwooသည် ဘယ်သူမှန်းတန်းသိနိုင်၏။

"Jeongwoo-ya.... Cafeဆိုင်မှာ တွေ့ရအောင် အရေးကြီးလို့။ ငါနဲ့ Yedam Hyung မင်းကိုစောင့်နေမယ်"

"ဘယ်cafeဆိုင်လဲ"

"Starbuck​ေလ။ BGနားမှာ ရှိတယ် ဒီဆိုင်က.... မင်းရှာပြီး လာခဲ့လိုက်​ေတာ့နော် Jeongwoo"

"အင်းအင်း"

ဖုန်းလေးကျသွားတာနဲ့ Jeongwooက Harutoဆီ မက်ဆေ့ချ်တစ်စောင်ပို့ထားလိုက်ပြီး ကော်ဖီဆိုင်ရှာဖွေရေးစခန်းကို ဖွင့်ရတော့သည်။

Seoulကို မရောက်တာ အရမ်းကြာသွား၍လား မသိ။Jeongwoo တစ်​ယောက် ကော်ဖီဆိုင်ကို GPSကနေရှာနေရင်း လမ်းခနခနပျောက်သွားတတ်သည်။

ဟူး... နောက်ဆုံးမှာတော့ တွေ့ပါပြီ။ Cafeဆိုင်ထဲမှာ လက်ချင်းကိုင်ကာ dateနေကြတဲ့ လူနှစ်ယောက်။

"Hyungတို့ ကျွန်တော်​ေရာက်ပြီ"

Jeongwooက ကော်ဖီဆိုင်လေးဝင်တာနဲ့ တံခါးဝကနေလှမ်းလက်ပြကာ ပြောတော့ Doyoungဟာ သူတို့ဆီလာထိုင်ဖို့ လက်ယက်ခေါ်လိုက်၏။

"အင်း လာထိုင်အုံး Jeongwoo"

"ဘာကိစ္စရှိလို့လဲ Hyung"

"Jeongwoo-ya Harutoကလေ နောက်အပတ်ထဲ ပြည်တွင်းမှာ Solo Tourရှိတယ်ရယ်။ မင်းကို ငါယုံကြည်ရတဲ့ညီလေးမို့ အခွင့်အရေးပေးချင်တာ အဲ့ဒီပွဲမှာ Harutoနဲ့မင်းနဲ့ကြားက ဆက်ဆံရေးကို ပရိသတ်တွေဆီဖွင့်ချသင့်တယ်လို့ မထင်ဘူးလား?"

ဒီလိုကိစ္စမျိုးကို အအေးပိုက်စုပ်သောက်ရင်း ေအးဆေးစွာပြောလာတဲ့ Yedam Hyungကို Jeongwooတစ်ယောက် မှင်သက်စွာ ငေးကြည့်မိတယ်။

"ဟုတ်တယ် Jeongwoo။ မင်းလည်း ဒီတိုင်းပဲ သိုသိုသိပ်သိပ်နဲ့ ခိုးပြီးတွေ့နေရတဲ့ဘဝကြီးကို မကြိုက်ဘူးဆိုတာ ငါသိတယ်.... မင်း ဘာလို့ အခုချိန်ထိ မပြောဘဲ
လျှိုထားချင်ရတာလဲ"

My Dear IKSAN PENGUIN  • ʰʲʷWhere stories live. Discover now