အပိုင်း (၆)

15K 464 0
                                    

ဒီနှစ် ဆရာကန်တော့ပွဲ လုပ်ဖြစ်သောကြောင့် ဘော်ဒါတွေစုပြီး သွားဖို့လုပ်ထားကြသည်။
အကျွေးအမွေးပိုင်းကို သူတို့ batchက တာဝန်ယူထားသည်မို့ ပွဲမလုပ်ခင်တစ်ရက်ကပင် ကြိုရောက်နေသည်။

ဒီကျောင်းကြီးကို တကယ်ချစ်မြတ်နိုးပါသည်။
အမှတ်တရများစွာသည် ဒီကျောင်းကြီးမှပင်အစပြုခဲ့ကြသည်။ ဒီနှစ် စာရင်းပေးထားသည်ကိုက များသောကြောင့် အများကြီး ထောင့်စေ့အောင် ပြင်ဆင်နေကြရသည်။

လည်ကတုံး အနက်ရောင် ကို ကချင်ပုဆိုး ကွက်စိပ်နှင့်တွဲဝတ်ကာ ဆံပင်ကို ဆီသေချာလူး၍ နောက်သို့ သပ်တင်ထားလိုက်သည်။
ဆရာကြီးတွေ မရောက်ခင် အရင်ရောက်နှင်ရ့မှာမို့ မနက် ၆နာရီကျော်ကတည်းက သေချာပြင်ဆင်နေကြရသည်။ မတွေ့ရတာဖြစ်တဲ့သူငယ်ချင်းတွေနဲ့ စကားတွေပြောရယ်ကြမောကြပေါ့။

အကုန်ပြင်ဆင်ပြီးသွားတော့ လူရှင်းတဲ့
ကော်ရစ်ဒါဘက်ဆီကို တစ်ယောက်တည်းထွက်လာရင်း ဆေးလိပ်တစ်လိပ်ကို ထုတ်သောက်နေလိုက်သည်။

အပေါ်ဆုံးထပ်ကနေမို့ ခန်းမရှေ့မြင်ကွင်းကို အပေါ်စီးမှမြင်နေရသည်။ တဖြေးဖြေးနှင့် ဆရာမကြီးတွေရော ကျောင်းသားဟောင်းတွေပါ ရောက်လာကြပြီဖြစ်သည်။
ထိုထဲမှ နီညိုရောင် အရိပ်ကလေး ...။

လွှာငယ် ကိုယ်တို့ ရေစက်က မကုန်သေးဘူးထင်ပါရဲ့။
ဒီနှစ်တွေအတွင်းမှာ သူမ အများကြီးရင့်ကျက်လာတယ်ထင်ပါရဲ့။
သူငယ်ချင်းတွေနဲ့ စကားပြောလိုက် ရီလိုက်
မောလိုက်နဲ့ သူမကို အကြာကြီး ငေးကြည့်နေမိသည်။
ကြည့်နေရင်းသူမက ခန်းမထဲဝင်သွားသောကြောင့် ကိုယ်ပါ ခန်းမဘက်ကို ထွက်လာခဲ့လိုက်သည်။

ခန်းမထဲဝင်ပြီး ရှာကြည့်လိုက်တော့ ဆရာမကြီးတစ်ယောက်ဆီ သွားနှုတ်ဆက်နေသည်ကိုတွေ့ရသည်မို့ သူမဆီ လျှောက်သွားလိုက်သည်။

''အယ် မိုး မို့လား။ ညည်းတောင် မိန်းမဆန်လာပြီပဲ။ ညည်းဘဝရဲ့ နေမင်းကြီးရော ဘယ်မလဲ ။ပါလာ လား။''

''ရှင် တီချယ်ကလဲ။ ​အဲ့ဒါက...''

''တီချယ်ရေ နေမင်းကြီးက ဒီမှာပါ ခင်ဗျာ''

Falling in love with Sunflower 🌻(Completed)Where stories live. Discover now