အပိုင်း ( ၅၅ )

13.3K 464 29
                                    

Unicode....




''ဟင်း.....''

ရုံးသွားခါနီးပြင်ဆင်ပြီးနောက်မှန်ထဲမှကိုယ့်ရုပ်ကိုကြည့်ပြီး သက်ပြင်းချလိုက်မိသည်။
ရန်စစ်ဆိုတဲ့ဘိုးတော်ကြောင့် တစ်ညလုံးအတွေးများကာအိပ်ရေးဝဝ မအိပ်ခဲ့ရတာမို့
မျက်ကွင်းများကညိုနေပြီဖြစ်သည်။

အပေါ်ထပ်ရောအောက်ထပ်ရောအားသော့သေချာခတ်ပြီး ဘေးဂိုဒေါင်ထဲမှဆိုင်ကယ်လေးအားထုတ်လိုက်သည်။
ကားဂိုဒေါင်အားကြည့်ရင်း ကားဝယ်ဖို့ပိုက်ဆံပြည့်တော့မှာကိုစဥ်းစားမိတော့ လူကစိတ်ပြန်ကြည်လင်သွားရသည်။
ဘွားဘွားချန်ခဲ့သောဝိုင်းအားငှားရသောပိုက်ဆံရယ် ဆိုင်ခန်းများငှား၍ရသောပိုက်ဆံများကို ငါးနှစ်လုံးတစ်ပြားတစ်ချပ်မှမသုံးပဲစုထားတာမို့ ကားတစ်စီးဝယ်ဖို့တော့ပြည့်လုပြည့်ခင်ဖြစ်နေပြီဖြစ်သည်။

ကိုယ့်အတွေးလေးနဲ့ကိုအူမြူးပြီးခြံတံခါးဆီသို့သွားကာသော့ဖွင့်မှ ခြံတံခါး၌ချိတ်ထားသော
ကြွပ်ကြွပ်အိတ်ကြီးအားတွေ့လိုက်ရသည်။

''ဘာကြီးတုန်းဟ....''

ကြောက်ကြောက်လန့်လန့်နဲ့အထုပ်အားအိမ်ရှေ့အုတ်ခုံပေါ်သို့ချလိုက်ကာ ဟိုကြည့်ဒီကြည့် ကြည့်လိုက်သည်။
ဘယ်သူမှလည်းမရှိပါဘူး....
ဘယ်သူမှမရှိတော့မှ အသာလေး
အထုပ်ကိုဖြည်ကြည့်လိုက်တော့ ဘူးတစ်ဘူး
နှင့်အတူ စာတစ်စောင်ကိုပါတွေ့လိုက်ရသည်။

"ငယ့်အတွက် breakfast
ငယ်ကြိုက်တဲ့ ရှမ်းခေါက်ဆွဲ
တို့ဖူးနွေးများများ အရွက်များများ အချိုအငန်လျှော့....❤''

မှတ်မိနေတဲ့လက်ရေးကြောင့် ဒါအစ်ကိုမှန်းတန်းသိလိုက်သည်။
ဒါကပထမဆုံးခြေလှမ်းပေါ့လေ....
ဒီရှမ်းခေါက်ဆွဲလေးနဲ့ ဘာဇာတ်လမ်းတွေလာထွင်နေတာတုန်း....

ဘူးကိုဖွင့်ကြည့်လိုက်တော့ ရှမ်းခေါက်ဆွဲဖတ်ကသပ်သပ် အစာပလာတွေကသပ်သပ်ထည့်ပေးထားကာ မခဲသွားအောင်အသေးစိတ်လုပ်ပေးထားသည်။
သြော် စားချင်စရာလေးပဲ
ဒါပေမဲ့ ဘူးကိုပြန်ပိတ်ကာ အုတ်ခုံလေးပေါ်၌ပြန်တင်ထားခဲ့လိုက်သည်။
ခြောက်နှစ်လောက်ပိတ်ချထားခဲ့သောနှလုံးသားထဲကအနာတရတွေက ဒီလိုလေးလုပ်ပေးလိုက်တာနဲ့ သက်သာသွားမယ်တဲ့လား
ကြိုးစားကြည့်လိုက်ပေါ့....

Falling in love with Sunflower 🌻(Completed)Where stories live. Discover now