(ပထမဦးစွာ updateနောက်ကျနေလို့
တောင်းပန်ပါတယ်ရှင်...🌻)Unicode.......
''ကိုကို တောင်းပန်ပါတယ်''
notification barမှာပေါ်နေသော မက်ဆေ့ကို လျစ်လျူရှုရင်း တွက်လက်စပုစ္ဆာကိုသာဆက်တွက်နေလိုက်သည်။
''မိုး ငါ့အသည်းလေး ဒီနေ့ငါနဲ့တူတူအိပ်မလား''
အနောက်ကနေသိုင်းဖက်ထားပြီး မိုး၏ပခုံးပေါ်သို့ သူ့ခေါင်းအားတင်ထားသည်မို့
ခင်ခင့်၏ သွားတိုက်ဆေးနံ့သင်းသင်းလေးသည် မိုးနှာခေါင်းဝဆီသို့လွှင့်ပျံ့လာသည်။''ငါ ဘာမှမဖြစ်ပါဘူး စိတ်မပူနဲ့ နင်အိပ်ချင်နေတာမို့လား အိပ်တော့''
ခင်ခင်ဆီသို့သက်ပြင်းချလိုက်သောအသံသည်
တိတ်ဆိတ်နေသောညဘက်ကြီးမှာ ဟင်းခနဲထွက်ကျလာသည်။''ကော်ဖီတွေလည်းတအားသောက်မနေနဲ့ဦး
အရမ်းညဥ့်မနက်စေနဲ့ ''''အင်း.... good night''
အခန်းသည်တစ်ခါပြန်ပြီးတိတ်ဆိတ်သွားကာအခန်းထဲ၌ မိုး၏ဂဏန်းပေါင်းစက်နှိပ်သံ
တချက်ချက်သာထွက်ပေါ်နေသည်။
ကော်ဖီခွက်အားယူကာတစ်ငုံသောက်လိုက်တော့ အေးစက်စက်ကော်ဖီတွေက လည်ချောင်းထဲသို့အလုအယက်ဝင်လာသည်။
ခါးလိုက်တာ........''ဒေါက်....''
လက်ထဲကဘောပင်အားပစ်ချလိုက်ကာ
ထိုင်ခုံကျောမှီဆီသို့ ဆတ်ခနဲမှီချလိုက်သည်။
ဆယ့်ငါးမိနစ်လောက်တွက်ရုံနှင့်အဖြေရရမည့်ပုစ္ဆာအား တစ်နာရီကျော်သည်အထိတွက်ရပြီဆိုကတည်းက မိုးရဲ့စိတ်အခြေအနေမဟန်မှန်းသိသာနေသည်။''ဒီး....ဒီး.....ဒီး....ဒီး.....''
ဖုန်း vibration မြည်သံသည်တိတ်ဆိတ်မှုကို
ဖြိုခွင်းကာ အော်မြည်လာသည်။
ဖုန်းမျက်နှာပြင်ပေါ်မှ ကိုကိုဆိုသော
အမည်နာမလေးအားကြည့်ကာ မိုးမှာမျက်ရည်တွေဝေ့သီလာရသည်။
ပူပူနွေးနွေးထိခိုက်ခံထားရသောမာနနှင့်နာကျင်မှုများသည် မိုး၏စိတ်အားတမြေ့မြေ့တိုက်စားနေသည်။
ငါပြန်မသွားခဲ့လျှင်ကောင်းသား
ငါမကြားခဲ့ရင်ကောင်းသား ဟူသော
အတွေးများကလည်း ခေါင်းထဲ၌ တဝဲလည်လည်.....။
KAMU SEDANG MEMBACA
Falling in love with Sunflower 🌻(Completed)
RomansaOwn Creation Unicode & Zawgyi ....................... 🌻💛 ............................. Pictures from Pinterest...🌻 (Credit to owners)