Unicode........
''အာ့....ပူလိုက်တာ........''
အလွတ်ရနေတဲ့အသံလေးကိုဖျတ်ခနဲကြားလိုက်ရတာမို့ အသံကြားရာဆီသို့ ချက်ချင်းလှမ်းကြည့်မိလိုက်သည်။
ပန်းရောင်ဖျော့ဖျော့ကာတွန်းဝမ်းဆက်နဲ့ ငယ်သည် နာကျင်မှုကြောင့် ရှုံ့မဲ့လျက်ခုံကိုမှီထားသည်။
''ငယ်လား....ငယ်''
သူချက်ချင်းထိုင်နေရာမှထကာ ငယ့်ဆီကိုပြေးသွားမိသည်။
ငယ်သည် ဘယ်လောက်တောင်နာသွားသည်မသိ မျက်ရည်လေးများပင်ဝဲနေသည်။''ကိုကိုရှိတယ်နော် ဘာမှမဖြစ်ဘူး....''
သူထိန်းကာပွေ့လိုက်တော့ ငယ်သည်အလိုက်သင့်လေးပါလာကာ သူ့ရင်ခွင်ထဲပါလာသည်။
''ကျွန်တော် တောင်းပန်ပါတယ်နော်''
တစ်ဖက်ကဝင်တိုက်မိသောကောင်လေးသည်လည်း တစ်ခုခုပြဿနာကြီးကြီးဖြစ်သွားမှာစိုး၍ထင်ပါရဲ့.....တဖွဖွတောင်းပန်နေရှာသည်။
''ရတယ် မောင်လေး ဘာမှမဖြစ်ဘူး သွားရတယ်''
ပျိုပျို့အသံကြောင့် မိုးအသိစိတ်တို့ပြန်ဝင်လာကာ ကိုကို့ကိုအသာတွန်းထုတ်လိုက်မိသည်။
ဆိုင်မှဝန်ထမ်းလေးများသည် ဆေးသေတ္တာယူပေးမည်ဟုပြောကာအလျှိုအလျှိူ အလုပ်များသွားကြသည်။ မိုးသည်တော့ခုနကထိုင်ခဲ့တဲ့ခုံလေးမှာပြန်ထိုင်နေမိသည်။
ကိုကိုသည်တော့ မိုးဘေးကခုံမှာပေါ့....။
ဒီလိုအခြေအနေမှာ မိုးဘက်ကဘာပြောရမလဲ
ကိုကို အဲဒီမိန်းမနဲ့ဘာလုပ်နေတာလဲလို့
မေးလိုက်ရမလား....။
ကိုကိုငယ်မသိအောင်ဘာတွေလုပ်နေတာလဲလို့မေးပြီးတော့ ဒေါသထွက်လိုက်ရမလား....။
ပါးပေါ်ကျလာတဲ့မျက်ရည်တွေက လက်ကအပူကြောင့်မဟုတ်တာတော့သေချာသည်..။
အဲဒီလိုတွေမေးလိုက်ရင် နောက်ဆက်ပြီးဘာတွေဖြစ်လာနိုင်လဲ....တစ်ယောက်ယောက်ကိုရွေးချယ်ရမဲ့အခြေအနေမှာ ကိုကိုဘယ်သူ့ကိုရွေးချယ်လိုက်မလဲ..........။
မိုးလား အဲဒီမိန်းမလား.........။
ဟင့်အင်း .......။
ပေါက်ကွဲပစ်နိုင်မဲ့သတ္တိတို့မရှိဘူး..........။
ဘာလျို့ဆို ကိုကိုနဲ့ဝေးရဲတဲ့သတ္တိတွေရှိမနေလို့...
နည်းနည်းလောက်ထပ်ပြီး ညှိနှိုင်းလိုက်ရင်....
နည်းနည်းထပ်ပြီးသည်းခံလိုက်ရင်.....။
YOU ARE READING
Falling in love with Sunflower 🌻(Completed)
RomanceOwn Creation Unicode & Zawgyi ....................... 🌻💛 ............................. Pictures from Pinterest...🌻 (Credit to owners)