အပိုင်း (၃၇)

9.4K 346 6
                                    

Unicode....

''အဲ့ဘွားတော်က သူ့ကိုယ်သူ နင့်အဖေရဲ့အရေးပါတဲ့သူပုံစံမျိုးလုပ်နေတာပဲ
ဂရုကိုစိုက်မနေနဲ့''

''ငါက ဂရုမစိုက်ဘူး သူ့အပြုအမူတွေကဘယ်လိုကြီးမှန်းကိုမသိဘူး
ဒါပေမဲ့လည်း တကယ်တမ်းကျ သူကဖေဖေ့အတွက်အရေးပါတဲ့သူဖြစ်နေတာပဲလေ''

''ငါပြောသလို နင့်အပေါ် မဟုတ်တာတွေလုပ်လာရင်တော့ ပြန်သာပြော ခံမနေနဲ့
ဒါနဲ့ နင့်ကိုကိုနဲ့ရော အဆင်ပြေရဲ့လား''

''အိုကေမှာစိုပြေပဲ ခုနကမှဖုန်းပြောပြီးတာ''

''သြော် ဒါကြောင့်ဖုန်းမအားတာကိုး ထင်သားပဲ
ဂါး......ငါ့အမေက ခိုင်းနေပြန်ပြီဟယ် ဒါပဲ နောက်မှဖုန်းဆက်တော့မယ်''

''အေးအေး တာ့တာ ''

ခင်ခင်နှင့်ဖုန်းပြောပြီးတော့ နာရီကြည့်လိုက်တော့ ၁၁နာရီပင်ရှိနေလေပြီ။
ကိုကိုက သူ့ဦးလေးဆီသွားမည်မို့ဖုန်းအကြာကြီးမပြောလိုက်ရပေ။ ဖွားဖွားနှင့်စကားပြောရန်ဖုန်းယူကာ အောက်ထပ်ဆီသို့ဆင်းလာတော့ ကြီးကြီးပုတုတို့က ထမင်းစားခန်းထဲ၌အလုပ်ရှုပ်နေကြသည်။

ဖွားဖွားအခန်းရှေ့ရောက်တော့ တံခါးခေါက်ကာခွင့်တောင်းပြီးမှ အခန်းထဲသို့ဝင်လာလိုက်သည်။

''ဖွား အနှောက်အယှက်ဖြစ်သွားလား''

''မဖြစ်ပါဘူး ဖွားလည်း ခြံစာရင်းတွေပြန်ကြည့်နေတာ အရေးမကြီးဘူး မြေးကိုလည်း ပြောစရာတွေရှိနေတာ ''

''ဟုတ် သမီးလည်းဖွားကိုတိုင်ပင်စရာရှိနေတာ''

''သြော် မြေးအရင်ပြောလေ''

''သမီးသင်တန်းတက်ချင်လို့ ဖွားဖွား စုံစမ်းတော့စုံစမ်းနေပါတယ် ဖွားကိုကြိုပြောထားတာ''

''ဘာသင်တန်းတက်မလို့လဲ ဖွားစုံစမ်းပေးမယ်''

''တရုတ်ဘာသာစကားတက်နေလက်စကိုဆက်တက်ချင်လို့ပါ ပြီးတော့ကွန်ပျူတာသင်တန်းလည်းသေချာတက်ထားချင်လို့''

''ကောင်းတာပေါ့ ဖွားအသိတွေထဲစုံစမ်းထားလိုက်မယ် ပြီးမှ မြေးကိုပြန်ပြောမယ်
မြေးတို့ကျောင်းပိတ်တာနှစ်လထဲနော်''

Falling in love with Sunflower 🌻(Completed)Où les histoires vivent. Découvrez maintenant