အပိုင်း ( ၁၇ )

10.4K 385 6
                                    

ပြတင်းပေါက်မှတစ်ဆင့် မိုးဖွဲဖွဲလေးများသည်
ပန်းအိုးထဲမှ နေကြာပန်းများပေါ်သို့
ကျရောက်လာသည်။
မေမေ့အတွက် ပြင်ဆင်လာသော ထမင်းနှင့်ဟင်းကို နေကြာပန်းအိုးနားသို့ ချလိုက်ပြီး
မေမေ့အတွက်ပြင်ဆင်ပေးထားသော နေရာ၏ဘေးတွင် ထိုင်ချနေမိသည်။

ဖေဖေရော ဖွားဖွားရော ရောက်လာသည်မို့
နာရေးကိစ္စအဝဝကို ဖေဖေသာလျှင် စီစဥ်ပေးနေသည်။

နာရေးသတင်းလာမေးကြသော လူများသည်
မေမေ့အားလာကြည့်လိုက်ကြ မိုးကို သနားဖွယ်ရာလို ကြည့်လိုက်ကြနှင့်....။

''မီးငယ် တစ်ခုခုစားပါဦး ဖွား မြေးကြိုက်တဲ့
ဟင်းချက်ခိုင်းထားတယ်''

''ဟုတ် ခနနေရင်စားပါ့မယ်''

''ဖြစ်ရမယ့်ကံ ပါလာလို့ပေါ့ မြေးရယ် မေမိုးရဲ့ နောက်ဆုံးချိန်မှာ မီးငယ်က ဘုရားစာတွေတရားစာတွေလဲ ရွတ်ဖတ်ပေးခဲ့တယ်ဆိုတော့
ဘဝကူးကောင်းမှာပါ''

ဖွားဖွားက ပြောနေရင်း ပုခုံးကနေ ဖက်ထားပေးတာမို့ ဖွားဖွားရင်ခွင်ထဲဝင်ပြီး ငိုနေမိသည်။

''မေမိုးက ဖွားနဲ့မတည့်ဘူးဆိုတာ ဖွားအမှားတွေလဲ ပါ ပါတယ် မီးငယ်မေမေက ဘာသာရေးမှာလဲ တော်ရှာပါတယ် ကောင်းရာမွန်ရာ ရောက်မှာပါကွယ်''

မိုး ဘာမှ ပြန်မပြောမိ ပြောလဲ မပြောချင်။

''မိုးရေ ငါခု သတင်းကြားကြားချင်းလာခဲ့တာ
စိတ်မကောင်းလိုက်တာ ''

ပျိုပျိုသည် ပြောရင်းနှင့် မိုးဘေးနားထိုင်ကာ မိုးလက်ကိုကိုင်ရင်း နှစ်သိမ့်ပေးသည်။
ဖွားဖွားကလဲ လူငယ်တွေကြားမို့ ဝင်မပြောတော့ပဲ နေရာမှထသွားသည်။

''တီမိုးက အရမ်းသဘောကောင်းတာ ဘာသာရေးလဲ အားကောင်းတာမို့ ပိုကောင်းတဲ့ ဘဝသစ်ဆီကို ရောက်သွားမှာ နင်က ငါ့ထက်တရားအသိပိုသိပါတယ် ငိုချင်ရင်လဲ ငိုချလိုက်
နင်ဘယ်လောက် နာကျင်နေမလဲဆိုတာ သိပါတယ် မိုးရယ်''

''အေးပါ ငါလဲ စိတ်ရှုပ်နေလို့ ဘယ်သူ့မှဖုန်းမဆက်မိဘူး sorry ဟာ ''

''ငါ နားလည်ပါတယ်ဟ ငါ ဒီနေ့ ဒီမှာ နေပေးမယ် အိမ်ကိုပြောခဲ့တယ်''

Falling in love with Sunflower 🌻(Completed)Donde viven las historias. Descúbrelo ahora