''ဟယ် ပိတောက်တွေ ပွင့်နေတယ်တော့်
ငါကျ မမှီဘူး
လရိပ် ခူးပေး ခူးပေး နင်ကအရပ်ရှည်တယ်''ကန်တင်းနားရှိ ပိတောက်ပင်မှာ ညတုန်းက တစ်ညလုံး ရွာထားသော မိုးကြောင့်
တစ်ပင်လုံးဝေနေအောင် ပွင့်နေသည်။
အောက်ဆုံးရောက်နေသော ကိုင်းကို
ခြေဖျားထောက်၍ ခုန်ဆွခုန်ဆွ လုပ်ကာ ခူးနေတာတောင် မိုးမှာ ပိတောက်ခက်အား လုံးဝမမှီ...။ထို့ကြောင့် အရပ်ရှည်သော လရိပ်ကိုသာ အားကိုးရတော့သည်။လရိပ်သည် လက်ထဲမှ အထုပ်များအား မိုးဆီပေးကာ သစ်ကိုင်းကိုခုန်၍ ဆွဲကာ
ခူးပေးသည်။ ပိတောက်ခက်များအား လက်ထဲ တစ်ပွေ့တပိုက် ကိုင်ထားရသည်မှာ မွှေးပျံ့နေလေသည်။သစ်ရွက်များပေါ်တွင် တင်ကျန်နေခဲ့သော မိုးရေစက်များကြောင့် သုံးယောက်စလုံး၏
မျက်နှာများတွင်လည်း ရေစက်များဖြင့် စိုရွှဲနေသည်။ အားရပါးရခူးပြီးနောက် ပိတောက်ပန်းတစ်ပွေ့တပိုက်ဖြင့် ကန်တင်းဘက်သို့ လှည့်လိုက်သည်။ကန်တင်းထဲမှ ဆိုင်သို့ ဝင်ဝင်ချင်းရှေ့ဆုံးဝိုင်း၌ ထိုင်နေသော အစ်ကို့ကို တွေ့လိုက်ရသည်။ လက်တစ်ဖက်က လက်ဖက်ရည်ခွက်ကို ကိုင်ထားပြီး တစ်ဖက်က ဖုန်းကို ကိုင်ထားသည်။
ပြီးတော့.... မိုးကိုကြည့်ကာ ပြုံးနေသည်။မိုးလည်း ပြန်ရယ်ပြကာ ဆိုင်ထဲရှိ တခြားစားပွဲဝိုင်းဆီသို့ ခပ်သွက်သွက်ဝင်ထိုင်သည်။
အစ်ကို့ကို ကြည့်လိုက်တော့ သူ့သူငယ်ချင်းများနှင့် ထိုင်နေရာမှ ထလာပြီး ပိုက်ဆံသွားရှင်းနေသည်။ ပိုက်ဆံရှင်းရာမှအပြန်တွင် မိုးတို့ထိုင်နေတဲ့ဆီ လျှောက်လာပြီး မိုးကို လာစကားပြောသည်။
''ပေတိပေစုတ်နဲ့ ကောင်မလေး ဘာတွေဝယ်လာတာလဲ''
''ရှင် မုန့်...မုန့်ဝယ်လာတာ''
''ပိတောက်တွေခူးလာတာပဲ ကိုယ့်ကို နည်းနည်းလောက်ပေးပါ့လား''
အစ်ကိုသည် ပိတောက်ပန်းတွေကို စိုက်ကြည့်ရင်း ပြုံးလျက် ဖွင့်တောင်းလာသည်။
''ရှင်...ဒါတွေက လရိပ်ရဲ့ပန်းတွေ လရိပ် ပေးရမလားဟင်''
လရိပ်ဘက်ကို ခေါင်းလေးစောင်းကာ လှည့်မေးတော့ မယ်မင်းကြီးမက မျက်ခုံးပင့်ပြသည်။
ESTÁS LEYENDO
Falling in love with Sunflower 🌻(Completed)
RomanceOwn Creation Unicode & Zawgyi ....................... 🌻💛 ............................. Pictures from Pinterest...🌻 (Credit to owners)