Unicode....
'ရင်းနှီးသည့်လုပ်ငန်းပါတနာတစ်ယောက်၏ မင်္ဂလာဆောင်မို့ ရန်စစ်တစ်ယောက် မတက်စဖူး မင်္ဂလာဆောင်အခမ်းအနားဆီသို့ရောက်နေသည်။
'မင်္ဂလာအခါတော်ပေးတေးသီချင်းသံသည် ခန်းမကြီးထဲသို့ သာယာငြိမ့်ညောင်းစွာ ပေါ်ထွက်လာပြီးနောက် ခန်းမ၏တံခါးမှတစ်ဆင့်ဆယ်နှစ်အရွယ်ကလေးမလေးသည် သတို့သားနှင့် သတို့သမီးရှေ့မှနေ၍
မင်္ဂလာပန်းများကိုငွေရောင်ဖလားထဲမှ အသာအယာကြဲချရင်း ခန်းမထဲကိုဝင်ရောက်လာသည်။ထိုကလေးမလေးနောက်တွင်တော့ သတို့သားနှင့်သတို့သမီးသည် လက်ချင်းတွဲကာ ဖြည်းဖြည်းချင်းလျှောက်လာသည်။
နေပါဦး ငါသတို့သမီးကိုမြင်ဖူးနေသလိုပဲ...
ဘယ်မှာမြင်ဖူးတာပါလိမ့်.....
သတို့သားနှင့်သတို့သမီးနောက်တွင်ကပ်ပါလာသော သတို့သားအရံနှင့်သတို့သမီးအရံတို့ကိုမြင်တော့ ရန်စစ်မျက်လုံးပြူးသွားရသည်။သတို့သမီးအရံမှာ ...
တခြားသူမဟုတ်...သူ့၏လွှာငယ်ဖြစ်နေသည်။
သူ့ရဲ့ လွှာငယ်က ငွေမှင်ရောင်မြန်မာဝတ်စုံနှင့်တော်တော့်ကို ကျက်သရေရှိနေသည်။
သတို့သားအရံကိုကြည့်လိုက်တော့ မြင်ဖူးသလိုလိုရှိပေမဲ့လို့သေချာမမှတ်မိ.....''သတို့သားနဲ့သတိုးသမီးလေးက လှတယ်နော်
အပြာရောင်လေးတွေနဲ့ ကြည့်လို့ကောင်းတယ်''''နောက်က သတို့သားအရံနဲ့သတို့သမီးအရံလေးလည်းကြည့်ပါဦး လှလိုက်ကြတာ
လိုက်ဖက်ကိုညီနေရောပဲ ''တစ်စားပွဲတည်းထိုင်နေသော ဘွားတော်ကြီးများ၏စကားကြောင့် နဂိုကမှမကြည်မလင်ဖြစ်နေရပါသော စိတ်သည် ပိုဆိုးသွားသည်။
လွှာငယ်က ဘယ်လိုလုပ် သတို့သမီးအရံဖြစ်နေရတာလဲ....
သတို့သားနဲ့ပဲသိတာလား သတို့သမီးနဲ့ပဲသိတာလား.....
တဖြည်းဖြည်းနဲ့ စင်မြင့်ပေါ်ရောက်သွားကြပြီဖြစ်သော လွှာငယ်တို့ကိုလိုက်ကြည့်ရင်း
သူ့စိတ်က သိသိသာသာမကြည်မလင်ဖြစ်လာရသည်။
သတို့သားနဲ့သတို့သမီးကိုပင်သေချာလိုက်မကြည့်နိုင်ပဲ လွှာငယ့်ကိုသာ မျက်ခြေမပြတ်လိုက်ကြည့်နေမိသည်။
မီးရောင်အောက်တွင် ဝင်းလက်နေသောမျက်နှာလေးသည် သူ့ဘေးကကောင်နှင့်ယှဥ်လျှင်ပင် အရမ်းအသက်မကြီးပဲ နှစ်ဆယ်အရွယ်ကောင်မလေးလိုဖြစ်နေသည်။
ဟိုကောင်ကလည်း ဘာတွေကပ်ကပ်ပြောမှန်းမသိပြောလိုက် လွှာငယ်က ရယ်လိုက်မောလိုက်....
စင်ပေါ်မှာဓာတ်ပုံရိုက်တော့လည်း လွှာငယ်သည် အဲဒီကောင်နှင့် ပူးကပ်နေပြန်တာမို့
စိတ်ကပူလောင်လာရသည်။
စင်မြင့်ပေါ်မှ မင်္ဂလာကတိကဝတ်ကိစ္စများ ပြီးစီးပြီးနောက် သတို့သားနှင့် သတို့သမီးသည်
ရန်စစ်တို့စားပွဲဆီလာနှုတ်ဆက်ကြသည်။
YOU ARE READING
Falling in love with Sunflower 🌻(Completed)
RomanceOwn Creation Unicode & Zawgyi ....................... 🌻💛 ............................. Pictures from Pinterest...🌻 (Credit to owners)