အပိုင်း ( ၅၁ )

12.2K 436 22
                                    

Unicode........




''ကောင်မရယ် နင်ကလည်း တွေ့မှတွေ့တတ်တယ်ဟယ် အဲ့တော့နင့်ကိုဘာပြောသွားသေးလဲ''

''ဒီတိုင်း နေကောင်းလားအဆင်ပြေလား ပေါ့
ဒါပါပဲ...''

''နင် တစ်ခုခုခံစားရသေးလား သူနဲ့ပတ်သတ်လို့''

''ဟင့်အင်း....''

''ကောင်မစုတ် လိမ်ပြန်ပြီ ဘာပဲဖြစ်ဖြစ်တစ်ခုခုဆို ငြိမ်မခံနဲ့နော် ငါတို့ကိုတန်းပြော ကြားလား''

''အေးပါ...ဒါနဲ့...''

''ခဏလေး ကောင်မရေ ငါ့သားသားဘာဖြစ်တယ်မသိဘူး ငိုနေပြန်ပြီ ပြီးရင်ဖုန်းပြန်ဆက်မယ်ဟေး''

''ရတယ် မဆက်နဲ့တော့ ညဥ့်နက်နေပြီ ကလေးပဲသေချာကြည့်တော့
ဘိုင့်ဘိုင်''

ဒီနှစ်တွေအတွင်းမှာ သူငယ်ချင်းတွေအကုန်လက်ထပ်သွားကြပြီး ကလေးများပင်ရနေပြီဖြစ်သည်။
ရည်းစားအရင်ဆုံးစထားခဲ့သည့် ကျွန်မသည်သာ အပျိုကြီးအဖြစ်ကျန်ခဲ့ရသည်။
ဒီအဖြစ်ကိုသူငယ်ချင်းတွေဖုန်းဆက်ကြတိုင်း
ရယ်လို့ဟားလို့မဆုံးပေ...။

ဖုန်းချထားပြီးနောက် galleryထဲကဓာတ်ပုံတွေကိုကြည့်ရင်း အတွေးနယ်ချဲ့နေမိသည်။
အစကတည်းက ဆရာကန်တော့ပွဲအတွက်တစ်ရက် ဒီမြို့ကလေးကိုလည်ပတ်ဖို့ကတစ်ရက်ဆိုပြီး ခွင့်ကိုသေချာယူခဲ့ခြင်းဖြစ်သည်။
စိတ်သည် လေးလံထိုင်းမှိုင်းစွာဖြင့် တစ်စုံတစ်ယောက်ကို ပြင်းပြင်းပြပြသတိရနေမိသည်။

အနည်ထိုင်နေပြီဖြစ်သော ဒဏ်ရာအမှုန်အမွှားလေးများသည် သူ့ကြောင့် တစ်ဖန်ပြန်၍
နာကျင်လာရသည်။
ဒီနှစ်တွေအတွင်းမှာ နောက်ထပ်ချစ်ဖို့အခွင့်အရေးတွေရှိခဲ့တာတောင် ဆက်ဆံရေးအသစ်တွေကိုစတင်ဖို့စိတ်ကူးမရှိခဲ့...
သူငယ်ချင်းတွေက ဒါကို
မလွတ်မြောက်ခြင်းတဲ့....

ကျွန်မ ရုန်းထွက်နိုင်ခဲ့တယ်လို့ထင်ရပေမဲ့
ပိတ်မိနေခဲ့တယ်....
နောက်ထပ်ချစ်ဖို့လို့ရာ
အဆင်သင့်မဖြစ်သေးဘူး....

တခြားလူတစ်ယောက်နဲ့ပတ်သတ်တဲ့
အမှတ်တရတွေ ဒဏ်ရာအနာတရတွေကို နှလုံးသားထဲမှာ မြှုပ်နှံထားရင်းနဲ့တော့
လူတစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာကို
လက်မခံရဲဘူး...လက်မခံသင့်ဘူးလေ.....

Falling in love with Sunflower 🌻(Completed)Where stories live. Discover now