အပိုင်း ( ၄၅ )

10.6K 363 14
                                    

Unicode.......

''မြေး ဘာဝယ်စရာလိုသေးလဲ
ဝယ်စရာရှိရင် မိုးမချုပ်ခင် ကောင်မလေးလေးတွေခေါ်ပြီးသွားဝယ်ချည်''

''ဝယ်စရာကမရှိပါဘူး ဖွားဖွား''

''အေးအေး...မနက်ဖြန်သွားရင် ဘုရားကန်တော့ပြီးမှသွား
ဟိုမှာနေရင်လည်းမပေါ့ဆနဲ့ ''

''ဟုတ်...''

''ပြီးတော့ ဒါလေး သမီးပြန်သိမ်းထားလိုက်
ဖွားခဏယူထားတာ''

ဖွားသည် ဓာတ်ပုံအယ်လ်ဘမ်လေးတစ်ခုကိုမိုးဘက်သို့လှမ်းပေးလာသည်။
သြော်....မောင့်ရဲ့မေ....အယ်လ်ဘမ်ပဲ...။
ဖွားဖွားသည်ဒေါ်ထိပ်ထားမေနှင့် မိုးကြားကတောက်ကဆဖြစ်မည်ကိုစိုးရိမ်သောကြောင့်ထင်ပါရဲ့....။
ဖွားယူထားမိသည်ဟုပြောလာသည်။
ဖွားဆီမှ အယ်လ်ဘမ်လေးအားယူလိုက်ရင်း
မျက်နှာဖုံးလေးအားခပ်ဖွဖွထိလိုက်သည်။

''ညစာစားပြီးရင် ယူသွားမဲ့ပစ္စည်းတွေပြန်စစ်ဦး အခုအပြင်ထွက်ကြစို့''

''ဟုတ်ကဲ့ဖွားဖွား''

မနက်ဖြန် အဆောင်ပြန်ဝင်တော့မှာမို့
ဖွားဖွား၏မှာတမ်းခြွေခြင်းကိုတစ်ညနေလုံးနားထောင်နေရသည်။
ညစာစားချိန်ရောက်တော့မှပဲ ဖွားဖွားဘေးကနေထွက်လာခွင့်ရတော့သည်။
ကျောင်းမဖွင့်ခင်တစ်ရက်အလိုကတည်းက
သွားခြင်းမှာ အခန်းသန့်ရှင်းရေးလုပ်ချင်လို့ရယ်...နောက်တစ်ခုကသူငယ်ချင်းများနှင့်
ကိုကို့ကိုတွေ့ချင်သောကြောင့်ဖြစ်သည်။
ခင်ခင်တို့သည်လည်းမနက်ဖြန်လာမည်ဖြစ်သည်။ကိုကိုသည်တော့ သူငယ်ချင်းများနှင့်ကလောဘက်သို့ခရီးသွားနေပြီးဒီနေ့ညနေပြန်ရောက်မည်ဟုဖုန်းဆက်သည်။

ညစာစားပြီးတော့အခန်းထဲသို့ဝင်လာကာ ယူသွားမည့်ပစ္စည်းများအားပြန်စစ်လိုက်သည်။
အဝတ်အစားတွေရော အသုံးအဆောင်တွေပါ
စုံသွားပြီဖြစ်သည်။
အားလုံးစီထားပြီးတော့မှ ကိုကိုနှင့်ဆင်တူဝတ်ရန်မိုးတိတ်တိတ်ကလေးဝယ်ထားသော ဆွယ်တာဆင်တူလေးများအားထုတ်လိုက်သည်။
အရောင်ကတော့ မိုးကြိုက်သောအရောင်ကိုသာဝယ်ချလာလိုက်သည်။
ဘူးနှင့်သေချာထည့်ထားသော အညိုရောင်ဆွယ်တာလေးများအားကုတင်ပေါ်ဖြန့်ချလိုက်ကာ ရှုထောင့်မျိုးစုံကနေကြည့်နေမိသည်။
ကိုကိုနှင့်သေချာပေါက်ကိုလိုက်မှာ....
ကိုကိုသည်အသားအရမ်းဖြူမနေပဲညိုတဲ့ဘက်ကိုနည်းနည်းသွားပေမဲ့လို့ ကြည့်လို့တော်တော်ကောင်းသည်။
ကိုကို့ဆိုဒ်ကိုမနည်းခန့်မှန်းကာဝယ်ထားရသည်မို့မတော်မှာကိုလည်းစိုးရိမ်ရသည်။

Falling in love with Sunflower 🌻(Completed)Where stories live. Discover now