အပိုင်း (၆၄)

14.2K 503 51
                                    

Unicode.......

''ဆိုပြပါ....ဆိုပြပါ.....ဆိုပြပါ......''

မီးပုံဘေးတွင်ထိုင်နေကြသော လူများအားလုံးသည် တစ်ညီတစ်ညွတ်တည်းသံပြိုင်အော်နေကြသည်။
ကံဇာတာတွေ ရှယ်ကောင်းနေပုံများ.....
ဒီလောက်လူအများကြီးထဲမှ မိုးနာမည်ကံစမ်းမဲပေါက်ရသလား....။

မိုးသည် ရှမ်းမလေးတစ်ယောက်၏လက်ထဲမှ
နာမည်လိပ်လေးအားကြည့်ရင်းအကြံအိုက်လာမိသည်။
မီးပုံကြီးဘေး၌ထိုင်းဖွဲ့ထိုင်နေကြတာကိုက
လုပ်ဖော်ကိုင်ဖက်ဝန်ထမ်းများအပြင် ရွာခံရှမ်းမလေးတွေရော ရှမ်းကောင်လေးတွေရောပါနေသည်။
ရွာအကြီးအကဲအိမ်ဖြစ်သည့်အလျောက် ခြံဝန်းကြီးကလည်းကျယ်တာမို့ တချို့ရွာခံများကလည်း
ဧည့်သည်တွေအလည်လာတော့ ရောက်နေကြသည်။
ခုလည်း ပါဆယ်ဂိမ်းဆော့ကြရာမှ ဆိုက်ဆိုက်မြိုက်မြိုက်ကို သီချင်းဆိုရမဲ့ကိန်းဖြစ်နေသည်။
မဆိုရင်လည်း သူများရွာမှာရွာခံတွေပါ
ဝင်ကစားနေတာမို့ အားနာစရာ.......။

ယောကျ်ားလေးမိန်းကလေးသီးသန့်လိုထိုင်ကြတာမို့ ကိုကိုသည် မိုးနှင့်မျက်နှာချင်းဆိုင်မကျတကျတွင်ရှိနေသည်။
ကိုကို့ကိုလှမ်းကြည့်တော့လည်း ဆိုစေချင်တဲ့ပုံစံနဲ့ တပြုံးပြုံးလုပ်နေပြန်သည်။

''ဆိုပြပါ....ဆိုပြပါ....''

''အဟမ်း....ဟိုဟာလေ
မိုးက အသံသိပ်တော့မကောင်းဘူး''

''ရတယ် ဘာမှမဖြစ်ဘူး....ဆိုဆို''

အေးဟေး ရှမ်းသံဝဲဝဲလေးတွေနှင့် မြှောက်ပေးနေကြတာမို့ မိုးလည်း မရှိရှိတဲ့အားလေးကို တင်းလိုက်ရသည်။

''အဟမ်း.....ဟိုသီချင်းဆိုပြမယ်
နည်းနည်း....သည်းခံပြီးတော့ နားထောင်ကြနော်
မိုးကအသံမကောင်းလို့ပါ''

''အမလေး ရပါတယ်....
ဘာဆိုဆို ဆိုရင်ပြီးနေတာပဲ''

မိုးလည်းခေါင်းထဲမှာ
တစ်ပုဒ်လုံးစင်းလုံးချောရမဲ့သီချင်းကို အမြန်စဥ်းစားနေရသည်။
တော်ကြာ အသံမကောင်းတဲ့အပြင် စာသားတွေပါကပေါက်ကချာဖြစ်နေရင် အရှက်ကကွဲဦးမည်။

''ကဲ ဆိုပြီနော်....''

မိုးက ဆိုပြီနော်ဆိုတာနဲ့ အသံတွေကတိတ်ကျသွားသည်။
ကိုယ့်ကိုယ်ကိုယ်အားတင်းရင်း စဥ်းစားထားတဲ့သီချင်းကို လည်ချောင်းရှင်းကာ စဆိုလိုက်သည်။

Falling in love with Sunflower 🌻(Completed)Where stories live. Discover now