အပိုင်း (၂၃ )

9.1K 362 0
                                    

''မြို့အထွက်နားမှာ ကုန်တင်ကား နှင့် ဘုရားဖူးကား
တိုက်မိသောကြောင့် မြို့နယ်ဆေးရုံကြီးမှာ
ဆရာဝန်တွေဗျာများနေရသည်။
တစ်ဖက်က ဘုရားဖူးကားက လူများတာမို့ထိခိုက်သူကလဲ မနည်း.....။

သွေးလိုအပ်နေသည်မို့ ဆေးရုံနှင့်ချိတ်ဆက်ထားသော သွေးအလှူရှင်များကို အမြန်ဆက်သွယ်နေရသည်။
ဆေးရုံမှာ ထိန်းသိမ်းထားသော သွေးပမာဏမှာလည်း မနေ့က မတော်တဆမှုတစ်ခုကြောင့်
အလုံအလောက်မကျန်တော့ပေ။

ကံကောင်းတာက စီးပွားရေးတက္ကသိုလ်
သွေးလှူရှင်အသင်း သုခပါရမီနဲ့ ချိတ်ဆက်လို့ရခဲ့ပြီး သွေးလှူမည့်ကျောင်းသားကျောင်းသူများ ချက်ချင်းရောက်လာကြသည်။

ကျောင်းသားကျောင်းသူ ဆယ်ယောက်နီးပါးရောက်လာခဲ့ပေမဲ့ မလုံလောက်သေး၍ ထပ်ရှာနေရသည်။
အခြားကျောင်းတွေက သွေးလှူအသင်းတွေနဲ့ချိတ်ဆက်နေပေမဲ့လည်း အကြောင်းအမျိုးမျိုးကြောင့် ကြန့်ကြာနေရသည်။
အသင်းဥက္ကဌ ဆရာ မြတ်မင်းကလည်း စီနီယာကျောင်းသားတွေကို သွေးလှူပေးနိုင်မည့်သူများအား တတ်နိုင်သလောက် ရှာခိုင်းနေသည်။

ရန်စစ်တို့သည်လည်း သွေးလှူအသင်းထဲမှာ ပါနေသည်မို့ တတ်နိုင်သမျှ ရှာပေးနေရသည်။
ဦးဆုံးသွေးလာလှူသော ကျောင်းသားကျောင်းသူ တစ်သုတ်ကို ကားဖြင့်ပြန်လိုက်ပို့ပြီးနောက် နောက်တစ်သုတ်အားရှာရန်ပြင်နေရသည်။

Ring...ring....

''အစ်မစော အလှူရှင် ထပ်ရပြီလား ''

''အေး ငါ အခု မင်းကို viber ကနေ ပို့ထားတယ်
အဲဒီစာရင်းအတိုင်း ပတ်ခေါ်ခဲ့လိုက်နော်''

''ဟုတ်ပြီ ဟုတ်ပြီ ကျွန်တော် ဆေးရုံကြီးကိုပဲ တန်းလာလိုက်တော့မယ်''

သွေးလှူအသင်း၏ အတွင်းရေးမှူးအစ်မဆီမှစာရင်းရပြီးတာနဲ့ တောက်လျှောက်သွားခေါ်ရသည်။
ထပ်ရသော အလှူရှင်ကလဲ ဆယ်ယောက်ပင်မပြည့်။သို့သော်ရသလောက်ကိုတော့ ဆေးရုံသို့သွားပို့ရမည်။

**********************

''ငါ ပထမဆုံးလှူဖူးတာပဲ စိတ်ထဲတစ်မျိုးကြီး''

Falling in love with Sunflower 🌻(Completed)Where stories live. Discover now