အပိုင်း (၁၀) Second semester

12.1K 385 1
                                    


''Hello ''

''အေး သမီးပြော''

''မေမေ့ကို ဖုန်းဆက်ထားတဲ့အကြောင်းနဲ့ ပတ်သတ်ပြီး ပြောချင်လို့ ''

''အော် အေး လာမယ်မို့လား ဒီမှာ အရမ်းမပူဘူးလေ နေလို့ကောင်းတယ် သမီးအဖွားကလဲ မေးနေတယ်''

''နောက်မှပေါ့ ဖေဖေ ။ ဒီတစ်ခေါက် သမီးလုပ်စရာလေးတွေရှိနေသေးလို့ ကျောင်းပိတ်ရက်လဲ အားမှာမဟုတ်ဖူးရယ်။''

''သမီးက ဘာလုပ်မလို့လဲ အလုပ်လုပ်မလို့လား။ ''

''မဟုတ်ပါဘူး အပြင်သင်တန်း လေ့လာစရာတွေရှိနေလို့ပါ။ ''

''အော် ဟုတ်ပါပြီ''

'' ဟုတ် နောက်တစ်ခေါက်ကျရင် လာပါ့မယ်။
ဖေဖေရော နေကောင်းရဲ့လား ''

''အင်းကောင်းပါတယ် ။ ဖွားဖွားကတော့ လူကြီးဆိုတော့ ဂရုစိုက်နေရပြီပေါ့ ''

''ဖွားဖွားက ဖေဖေ့ကိုဆို သိပ်ချစ်တာမို့ ဖေဖေကပဲ သေချာဂရုစိုက်ပေးလိုက်ပေါ့ ဖေဖေလဲ နေကောင်းအောင်နေပါ။သမီး မေမေနဲ့ သွားစရာရှိလို့ ဒါပဲနော် ''

''အေးအေး သမီးလဲ ဂရုစိုက်နော်''

''ဟုတ်ကဲ့ ''

ဖေဖေ့ကို မလွမ်းဘူးလားဆိုရင် လွမ်းပါတယ်။
ဒါပေမယ့် အရင်က ကြုံတွေ့ခဲ့ရတဲ့ နေ့ရက်တွေကို စဥ်းစားမိရင် စိတ်က အဆင်မပြေတော့ဘူး။

ဘယ်သူ့ကို ရွေးချယ်မလဲဆိုတဲ့ အချိန်မှာ
မေမေ့ကို ယတိပြတ်ရွေးချယ်နိုင်ခဲ့တဲ့အထိ အတိတ်မှာတုန်းက ဖေဖေ့ကိုနာကျည်းခဲ့သည်။

၉ တန်းရောက်တော့ မေမေနဲ့ ဖေဖေ တရားဝင် ကွာရှင်းခဲ့ကြသည်။

ဝမ်းနည်းတဲ့ပုံစံတောင်မဖြစ်တဲ့ မိုးကို အဖွားက
ခံစားချက်မရှိတဲ့ ကလေးဆိုပြီးတောင် ပြောခဲ့ပါသေးသည်။

၁၀ နှစ်လောက် ရလာခဲ့တဲ့ စိတ်ကင်ဆာတွေကို
အဖွားမှမသိခဲ့ပဲ။

မေမေ့ကို ရွေးချယ်ခဲ့ရလို့တော့ မိုး ဘယ်တော့မှ နောင်တရမှာ မဟုတ်ပါဘူး။ အဲ့တာကိုတော့ ယုံကြည်တယ်။

.............

ကျောင်းပိတ်ရက်ရှည် ၂ လက မြန်မြန်ပင်ကုန်သွားလေသည်။
မေမေနှင့်အတူ မေမေ့သူငယ်ချင်းလုပ်ဖော်ကိုင်ဖက် အန်တီမေရီကပါ ကျောင်းသို လိုက်ပို့ပေးသည်။
ကျောင်းပြန်လိုက်ပို့ရာ လမ်းတွင် မေမေသည်
မှာစရာရှိတာများကို တတွတ်တွတ်မှာနေသည်။

Falling in love with Sunflower 🌻(Completed)Where stories live. Discover now