Unicode.......
(တစ်ဝက်လောက်ရေးပြီးကာမှ ရေးရင်းအိပ်ပျော်သွားလို့ ပျက်သွားလို့ပါ
တော်တော်နောက်ကျသွားပါတယ်
မျှော်နေစေမိရင်တောင်းပန်ပါတယ်ရှင် 🤒)''အဲဒီနေ့က ကိစ္စအတွက် တောင်းပန်ပါတယ်''
မျက်နှာချင်းဆိုင်ထိုင်ကာတောင်းပန်နေသည်မှာ
အမရာကုဋေမှဟုတ်ရဲ့လားလို့
သံသယတောင်ဝင်မိသည်။မင်္ဂလာဆောင်က သဘက်ခါမို့ မမချယ်နဲ့အတူလိုတာတွေလာဝယ်ရင်း အမရာကုဋေနှင့်တွေ့ခြင်းဖြစ်သည်။
မမချယ်ကတော့ အလိုက်တသိနဲ့ခဏရှောင်ထွက်ပေးသည်။''အခုမှ တောင်းပန်ရတဲ့အကြောင်းအရင်းကဘာလဲ''
''တကယ်တော့....
ငါ့အနေနဲ့ မင်းကိုတောင်းပန်ဖို့
တော်တော်အချိန်ယူရတယ်
မင်းမှာပွန်းပဲ့ရာတစ်ခုလေးတောင်ဖြစ်မသွားပေမဲ့
ငါ့မှာတော့ အဘက်ဘက်ကနေဖိအားပေးခံခဲ့ရတယ်
မာန်နောင်တို့မိသားစုကရော ယမ်ယမ်ကရော
ယမ်ယမ့်မာမီအန်တီထက်ကရော ဖိအားတွေပေးလွန်းလို့ စိတ်ဓာတ်တွေတောင်မကျစဖူးကျခဲ့တယ်''''အာ ဟုတ်လား
အခုတောင်းပန်တာ စိတ်ထဲကရောပါရဲ့လားဟင်
စိတ်ရင်းနဲ့မဟုတ်ရင်တော့ တောင်းပန်မနေပါနဲ့
ရတယ်
ကျွန်မ ဒီကိစ္စကိုခေါင်းထဲတောင် မရှိတော့ဘူး''''ယမ်ယမ်တို့မိသားစုကို ယုံကြည်လား
သူတို့ကလူတစ်ယောက်ကို လွယ်လွယ်နဲ့စွန့်ပစ်တတ်ကြတယ်နော်''''သေချာပေါက် ယုံကြည်တာပေါ့
သူတို့က သူတို့ယုံကြည်မှုနဲ့ထိုက်တန်တဲ့သူဆို
တန်ဖိုးထားတာမှတုန်လို့
သူတို့ကို မလိမ့်တစ်ပတ်လုပ်တတ်တဲ့အခွင့်အရေးသမားတွေဆိုရင်တော့ တော်တော်ရွံတယ်တဲ့''''အမ်း...ဟုတ်ပါပြီလေ
မင်းက ကိုယ့်ကိုယ်ကိုယ်တော်တော်ယုံကြည်ချက်ရှိတာပဲ''''ယုံကြည်ချက်ရှိဆို ကိုယ့်တန်ဖိုးကိုယုံကြည်လို့လေ
ပြီးတော့ ခေါင်းအစခြေအဆုံးတန်ဖိုးထားပေးပြီး သဲသဲလှုပ်ချစ်ပေးတဲ့ ကိုကိုလည်းရှိတယ်လေ
အစ်မမှာရော ရှိလား''''ယောကျ်ားတွေက အစပိုင်းတော့ဒီလိုပါပဲ အဟင်း''
''မရနိုင်ဘူးဆိုရင် မရနိုင်ဘူးပေါ့အစ်မရယ်
ရယ်စရာတွေ ပြောနေပြန်ပါပြီ အဟင်း
အစ်မဆို ဆယ်နှစ် အနှစ်နှစ်ဆယ်နီးပါးတူတူရှိခဲ့တာတောင် မပိုင်ဆိုင်ခဲ့ရဘူးမလား
လူတိုင်းကို အစ်မစိတ်နဲ့လိုက်မနှိုင်းပါနဲ့အစ်မရယ် လွတ်တဲ့ငါးကြီးပြနေတာလား
မစားရတဲ့အမဲသဲနဲ့ပက်နေတာလားတော့
မသိပေမဲ့ အစ်မရဲ့အခုပုံစံက အော်ဂလီဆန်ချင်စရာကြီး''
ŞİMDİ OKUDUĞUN
Falling in love with Sunflower 🌻(Completed)
RomantizmOwn Creation Unicode & Zawgyi ....................... 🌻💛 ............................. Pictures from Pinterest...🌻 (Credit to owners)