ဖွားဖွားနှင့် အပြင်မှ ပြန်လာတော့ ည ခုနစ်နာရီကျော်နေလေပြီ။
ညစာ စားလေ့မရှိသော ဖွားဖွားသည် နက်ဖြန်အတွက် မှာစရာရှိတာတွေကိုမှာပြီးနောက် အခန်းထဲသို့ ဝင်သွားလေပြီ။မိုးလဲ ကိုယ့်အခန်းဆီသို့ ပြန်လာရင်း
နက်ဖြန်ပြန်ရင်ယူမယ့် ပစ္စည်းများအား
ပြန်စစ်နေမိသည်။အလာတုန်းက မေမေ့စိတ်နှင့်မို့ ကျောပိုးအိတ်တစ်လုံးသာ ပါခဲ့သော်လည်း
အပြန်တွင် ဖွားဖွားဝယ်ပေးလိုက်သော အဝတ်အစားများကိုပါ သယ်ရတော့မည်ဖြစ်သည်။ဖေဖေ အိမ်ထောင်ပြုမည့် ကိစ္စသည်လည်း
မိုးအတွက် စိတ်ရှုပ်စရာလို ဖြစ်နေသည်။
တကယ်ဆို ဖေဖေ နောက်အိမ်ထောင်ပြုတာ မှားသည်ဟုမဆိုနိုင်သော်လည်း မေမေ့အပေါ် လွန်သည်ဟု ခံစားနေမိသည်။ဘာမှမတွေးပဲ အိပ်တာပဲကောင်းသည်...။
ရေချိုးခန်းထဲသို့ဝင်ကာ မျက်နှာသစ်
သွားတိုက်ပြီး အိပ်ရာဝင်လိုက်သည်။
မနက်သွားရမည့် ခရီးလဲ ရှိသေးသည် မဟုတ်လား။*******************************
ညှို့မှိုင်းနေသော တောင်တန်းတွေနှင့်
မျက်စိတဆုံး မြင်နေရသော
နေကြာခင်းကြီးထဲကို ရောက်နေသည်....။အမျိုးသမီးတစ်ယောက်ဟာ မိိုးကို နောက်ကျောပေးလျက် နေကြာခင်းကြီးကို
ကြည့်နေသည်။တိမ်စိုင်တွေနဲ့ ညှို့မှိုင်းနေသော တောင်တန်းတွေကို ဖြတ်သန်းလာတဲ့
မိုးရနံ့ပါနေသော လေပြေတွေကြောင့်
နေကြာတွေဟာ တယိမ်းယိမ်း......။အမျိုးသမီးလေးရဲ့ ခြေမျက်စိထိ ဖုံးနေသော အဖြူရောင်ဂါဝန်လေးဟာ တလွင့်လွင့်....။
ကပိုကရို ဖြာကျနေသော ဆံမြိတ်ကလေးများသည်လည်း တလွင့်လွင့်...။
''မောင်ရေ ပန်းအိုးထဲမှာ
နေကြာတွေထိုးရင် ကောင်းမလား...
နှင်းဆီဖြူတွေထိုးရင် ကောင်းမလားဟင်''ပခုံးပေါ်မှာ လွှမ်းခြုံထားတဲ့
အဝါရောင် ပဝါလေးကို တင်းနေအောင် ဆွဲခြုံလိုက်ရင်း ထိုအမျိုးသမီးလေးက မိုးရှိရာဘက်ဆီသို့ လှည့်လာပြီး မေးလာသည်။
YOU ARE READING
Falling in love with Sunflower 🌻(Completed)
RomanceOwn Creation Unicode & Zawgyi ....................... 🌻💛 ............................. Pictures from Pinterest...🌻 (Credit to owners)