အပိုင်း (၇၃)

13.3K 474 48
                                    

Unicode......

''တီ.....တီ....''

မိုးသည် အိမ်ရှေ့မှ ကားဟွန်းသံကြောင့် ဆံပင်ကိုလေမှုတ်နေရင်းကနေ ပြတင်းပေါက်မှတစ်ဆင့်လှမ်းကြည့်လိုက်သည်။အိမ်ရှေ့၌ ကားရပ်ထားပြီး ခပ်ဝဝအမျိုးသမီးကြီးတစ်ယောက်သည် အိမ်ထဲသို့လှမ်းကြည့်နေတာမို့ မိုးလည်း ဘယ်သူလဲဟုသေချာပြန်ကြည့်နေရသည်။

ဒီလိုည၇နာရီလောက်ကြီးကို လာစရာဧည့်သည်လည်းမရှိတာမို့ လမ်းမီးရောင်ကိုအားကိုးပြီးဘယ်သူလဲဆိုတာသေချာကြည့်နေရသည်။
တော်ကြာ ကိုယ်ကတစ်ယောက်တည်းနေတာမို့
မဟုတ်တရုတ်အကြံသမားတွေ အိမ်ထဲထိဝင်လာရင် ပြဿနာ......။
အကြောင်းမပြန်မချင်း ကားဟွန်းကိုဆက်တိုက်တီးနေတာမို့ ဝရန်တာမှတစ်ဆင့် ဘယ်သူလဲလှမ်းမေးကြည့်လိုက်သည်။

''ဘယ်သူနဲ့တွေ့ချင်လို့လဲ''

''အန်တီက မာန်နောင့်ရဲ့အမေပါ
တိမ်လွှာမိုးနဲ့ စကားပြောစရာလေးရှိလို့ပါ''

မာန်နောင်....မာန်နောင်ဆိုရင် မိုးလည်ပင်းကိုညှစ်သွားတဲ့ကောင်လေးပဲ.....။
သူ့အမေက အိမ်ထိလိုက်လာပုံအရဆို ကိုကိုတရားစွဲထားသည့်ကိစ္စကြောင့်ဖြစ်လောက်မည်။

''စကားလေးပြောရုံပဲ သမီး
တံခါးဖွင့်ပေးလို့ရမလား''

''ဟုတ်ကဲ့ ခဏနော်''

မိုးလည်း လိုရမယ်ရအနေဖြင့်
တံခါးသွားမဖွင့်ခင် ကိုကို့ဆီဖုန်းဆက်လိုက်သည်။
ပြီးမှ ခြံတံခါးနားကိုသွားကာ အကျိုးအကြောင်းမေးကြည့်လိုက်သည်။

''အန်တီတို့က ဘာကိစ္စရှိလို့လဲမသိဘူး''

''သမီးက တိမ်လွှာမိုးထင်တယ်
အန်တီ့သားက သမီးကိုကိုယ်ထိလက်ရောက်ကျူးလွန်တယ်လို့ကြားလို့ လာတောင်းပန်တာပါ''

''သြော်....အိမ်ထဲဝင်ထိုင်ပါဦး''

မိုးလည်း အန်တီကြီးကိုကြည့်ရတာတော့ မူမမှန်တာမရှိတာမို့ ခြံတံခါးဖွင့်ကာအိမ်ထဲသို့ဝင်ထိုင်ခိုင်းလိုက်သည်။
ကားထဲကဆင်းတော့မှဦးလေးကြီးတစ်ယောက်ပါ ပါလာသည်ကိုတွေ့ရသည်။

''သုံး​ဆောင်ပါဦးရှင်''

မိုးသည် ထိုလူကြီးတွေရှေ့သို့ကော်ဖီပန်းကန်လေးတွေချပေးရင်း တစ်ဖက်ကဘာပြောလာမလဲဆိုတာကို စောင့်နေလိုက်သည်။
တစ်ဖက်ကလူနှစ်ယောက်မှာလည်း မိုး၏မျက်နှာကိုကြည့်နေကြသည်။
နောက်ဆုံး၌ ဦးလေးကြီးကနေပဲ စကားစပြောလာသည်။

Falling in love with Sunflower 🌻(Completed)Where stories live. Discover now