Unicode.....
''ဟဲ့ ပစ္စည်းတွေအကုန်ပါလား စစ်ကြဦးနော်
နင်တို့အိမ်တွေကလည်းစောတာဟယ်''''စောဆို မိုးမလင်းခင်ကတည်းက ထွက်လာကြတာလေ ယောကျ်ားနောက်လိုက်သွားမှာစိုးလို့လားမသိပါဘူး ဇွတ်အတင်းပဲ''
ခင်ခင်နှင့်လရိပ်သည် အဆောင်အောက်မှာထိုင်နေရင်း အိမ်ကလာအကြိုကိုစောင့်နေကြသည်။ ကြွယ်ကြွယ်သည်တော့ သူ့အိမ်က
ရန်ကုန်ဘက်သွားမှာမို့ အဆောင်ဖွင့်ဖွင့်ချင်းပင် လာခေါ်သွားလေပြီဖြစ်သည်။
ခင်ခင်တို့အိမ်တွေမှာလည်း အစောကြီးထွက်လာကြသောကြောင့် မနက်၈နာရီလောက်၌ပင် ကျောင်းနားသို့ရောက်နေပြီဖြစ်ကြောင်းဖုန်းဆက်လာကြသည်။ဖေဖေသည် ပင်လောင်းဘက်က ခြံအတွက် သွားနေရသောကြောင့် မိုးကို အလာတုန်းကလို
ကြီးကြီးပုတုတို့ပဲ လာကြိုလိမ့်မည်ဟု ဖေဖေကဖုန်းဆက်ထားတာမို့ အေးအေဆေးဆေးပင်ဖြစ်နေသည်။
လူကြီးတွေချည်းမို့ မိုးစင်စင်လင်းမှထွက်လာမည်ဖြစ်သောကြောင့် ကျောင်းကို နေ့လည်လောက်မှသာရောက်တော့မည်။''ဒါနဲ့ နေပါဦး နင်ဒိတ်မှာဆို မသွားသေးဘူးလား''
''သွားမှာလေ နင်တို့ကိုလိုက်ပို့ချင်သေးလို့''
''အမလေး ကိုယ့်ဘာသာကို သွားပြင်ဆင်.... သွား..... ပြန်ရောက်ရင်ဖုန်းဆက် တစ်ခုခုဆိုလည်း ဖုန်းဆက်ကြားလား ''
''ဟုတ်ကဲ့ပါ''
''သွား သွား''
မိုးသည်လည်း အခန်းဆီသို့ပြန်လာကာ အင်္ကျီလဲပြီး မိတ်ကပ်ပါးပါးလူးလိုက်သည်။
ညကတည်းကရွေးထားသော အဖြူရောင်အခံပေါ်၌ အနက်ရောင်ဒေစီပန်းလေးများပါသည့်
ဂါဝန်ရှည်လေးအား ဝတ်လိုက်သည်။
လည်ပင်းအဟိုက်သည် လေးထောင့်ကျကျပုံဖော်ထားသည်မို့ ညှပ်ရိုးလေးတွေသည်
ပုံစံတကျပင် ထင်းနေသည်။ကုတ်သာသာဆံပင်လေးအား ဆီသေချာလိမ်းပြီး ပုံသွင်းနေတုန်း ကိုကို့ဆီမှ ရောက်ပြီဖြစ်ကြောင်း ဖုန်းဝင်လာသည်မို့ အလှပြင်ခြင်းကို လက်စသတ်ကာ ဖိနပ်အမြန်လဲပြီး အောက်သို့ပြန်ဆင်းခဲ့လိုက်သည်။
YOU ARE READING
Falling in love with Sunflower 🌻(Completed)
RomanceOwn Creation Unicode & Zawgyi ....................... 🌻💛 ............................. Pictures from Pinterest...🌻 (Credit to owners)