အပိုင်း ( ၂၀ )

11.6K 373 0
                                    

'' အား ဝန်ထုပ်ဝန်ပိုးတစ်ခု လျော့သွားသလိုပဲ
ကောင်းလိုက်တာ ''

presentation အပြီးမှာ ခင့်ဆီမှ
ကျေနပ်အားရသံထွက်လာသည်။
နေ့လည်တစ်ပိုင်းလုံး အားသွားပြီဖြစ်သောကြောင့် နေ့လည်စာ စားပြီးလျှင်
စာကြည့်တိုက်ဆီ သွားမည်ဟုတိုင်ပင်ထားကြသည်။

''ကန်တင်းရောက်ရင် ဘာစားကြမလဲ
လကုန်တော့မယ် မုန့်ဖိုးက နည်းလာပြီ''

''အေးဟယ် ဒါပေမဲ့ ခုမှ အိမ်ကပြန်ရောက်လာတဲ့သူရှိတယ်လေ ဟဲဟဲ အိမ်က ပြန်လာရင်
မုန့်ဖိုးတော့ ပါလာမှာပဲ''

ရယ်သံနှင့်အတူ သုံးယောက်လုံး မိုးဘက်လှည့်ကြည့်လာသည်။

''အေးပါ ငါကျွေးပါ့မယ် မေမေကလဲ နင်တို့ကို မုန့်ဝယ်ကျွေးဖို့ မှာသွားတယ် ''

မိုး ရုပ်တည်လေးနဲ့ ပြောလိုက်တော့
ခုနက ရယ်နေသော သုံးယောက်သည်
မျက်နှာ ငယ်သွားသည်။

ကန်တင်းရောက်လာတော့
အစဉ်အလာမပျက် ထမင်းဆီဆမ်းနှင့် ကြက်သားကြော်မှာကြသည်။

''ထမင်းဆီဆမ်း ကြက်သားကြော်နဲ့ လေးပွဲ
မုန့်ဖတ်ထောင်း နှစ်ပွဲ ငရုတ်သီးစပ်တာတစ်ပွဲ
ပုံမှန်တစ်ပွဲ
cola နှစ်ဘူး ဖန်ခွက်လေး လေးခွက်ပါ
ချပေးပါဦးနော် အန်တီ''

ဆိုင်ရှင်အန်တီ ဘာမှမမေးရသေးခင်
လရိပ်သည် တရစပ်ပြောချသွားသည်။

''ဝါး တကယ်ကို လရိပ်က ငါတို့အမေပဲဟ''

''အေး ယောကျ်ားပါ ရှာပေးရင် ကောင်းမယ်''

ကြွယ်နှင့် ခင့်ဆီမှ ထွက်လာသော စကားကြောင့် ဆိုင်ရှင်အန်တီကြီးပင် ရယ်နေသည်။
လရိပ်က​ေတာ့ မျက်စောင်းတထိုးထိုးနှင့် ဘာမှမပြော...။

မှာစရာရှိတာ မှာပြီးတော့ ကြွယ်သည် မိုးကိုမေးလာသည်။

''မိုး အန်တီက ငါတို့ကို မုန့်ဝယ်ကျွေးဦးမယ်ဆိုတာ ဆုံးခါနီးမှာသွားတာလားဟင်''

''အင်း ဟုတ်တယ် ''

''ဟမ် တကယ်ကြီးလား''

မျက်နှာငယ်လေးများနှင့်မေးနေသည်မို့
ရုပ်တည်ကြီးနဲ့ပဲ ဆက်ပြောနေလိုက်သည်။

Falling in love with Sunflower 🌻(Completed)Where stories live. Discover now