Updateနောက်ကျနေလို့တောင်းပန်ပါတယ်နော်🙁😬
Unicode.......
''ဖေဖေတို့ဝယ်ထားသောခြံသည် တော်တော်တော့ကျယ်သည်။ထောပတ်သီးပင်များသည်ခြံစည်းရိုးအတိုင်းအစီအရီပေါက်နေကြသည်။
အသီးပေါက်စနလေးတွေသီးနေသော ထောပတ်သီးပင်များအားကြည့်ကာမိုးမှာသဘောကျနေမိသည်။
တောင်ကုန်းလေးပေါ်တွင်ရှိနေသည်ကိုက မိုးအတွက်တော်တော်သဘောကျဖွယ်ရာကောင်းနေပြီဖြစ်သည်။
ဖေဖေတို့သည် ဘေးခြံမှဦးလေးကြီးနှင့်စကားပြောနေသည်မို့ မိုးဘာသာလျှောက်ပတ်ကြည့်ရင်းဓာတ်ပုံရိုက်နေမိသည်။''ဓာတ်ပုံရိုက်ပေးရမလား....''
ခပ်သြသြအသံကြောင့်လှည့်ကြည့်လိုက်တော့အသံပိုင်ရှင်ဦးသက္ကကိုတွေ့လိုက်ရသည်။
''ရိုက်တတ်လို့လား.... ''
''ကိုယ်ကြိုးစားကြည့်မယ်...''
ရုပ်တည်ကြီးနဲ့ဖုန်းထုတ်လာသောဦးသက္ကကြောင့် မိုးလည်းဘာမှမပြောပဲ ဓာတ်ပုံရိုက်ပေးတာကိုစောင့်နေလိုက်သည်။
''ဘယ်နားရိုက်မှာလဲ''
ဦးသက္ကအမေးကြောင့် ခြံထဲလှည့်ပတ်ကြည့်ကာ တောင်ကုန်လေး၏ညာဘက်ခြမ်း၌တစ်ပင်တည်းထီးထီးလေးဖြစ်နေသော ထောပတ်သီးအပင်ဘက်ကိုပြေးသွားလိုက်သည်။
''ဒီနားလေး လှတယ်မို့လား''
''အင်း......လှတယ်''
''အဲဒါဆိုရိုက်ပေးတော့နော်''
မိုးသည် အပင်နှင့်မလှမ်းမကမ်းမှာတောင့်တောင့်လေးရပ်လိုက်သည်။ဂျင်းဘောင်ဘီကရှည်နေတာမို့အောက်ဖျားနားလေးကိုခေါက်ထားရသေးသည်။အပေါ်ဝတ်ခါးရှည်အနက်ရောင်ကို
ပုံစံကျအောင်ပြင်ဝတ်၍
ဂျင်းဘောင်းဘီအိတ်ကပ်ထဲလက်နှိုက်ကာ
ခြေဖျားလေးထောက်ရပ်လိုက်ပြီး ပြုံးလိုက်မိသည်။
သို့သော်အပြုံးလွန်၍မိုး၏မျက်လုံးလေးများပါပိတ်ချသွားသည်။
ဦးသက္ကသည် ကင်မရာချိန်ထားရင်းနှင့်ပင်
ဖုန်းစခရင်အားကြည့်ကာငြိမ်နေသည်။
စက္ကန့်နှစ်ဆယ်လောက်ကြာတော့ခြေဖျားထောက်ထားတာကမရတော့.....။
ပုံမလှမှာစိုး၍အံကြိတ်ပြီးနေရကာ နောက်ဆုံးသည်းခံနိုင်စွမ်းကုန်ခါနီးအချိန်မှ
ဦးသက္က၏အသံကိုကြားလိုက်ရသည်။
YOU ARE READING
Falling in love with Sunflower 🌻(Completed)
RomanceOwn Creation Unicode & Zawgyi ....................... 🌻💛 ............................. Pictures from Pinterest...🌻 (Credit to owners)