အပိုင်း ( ၁၈ )

10.3K 370 0
                                    

'' မီးငယ် ထတော့လေ 7 နာရီထိုး တော့မယ် ကြီးကြီးအောက်ကစောင့်မယ်နော်''

''ဟင် ဟုတ် ဟုတ်''

ကြီးကြီးပုတု အသံကြောင့် အိပ်မှုံစုံဖွားနှင့်အိပ်ရာပေါ်မှ ထထိုင်လိုက်သည်။

ဖုန်းမှ နာရီကြည့်လိုက်တော့ ၆ နာရီ ၄၅ မိနစ်။

ရေချိုးခန်းထဲဝင်ပြီး မျက်နှာသစ် သွားတိုက်ပြီး အဝတ်လဲကာ အောက်ထပ်သို့ ဆင်းလာလိုက်သည်။

ထမင်းစားခန်း၌ ဖွားဖွားသည် ရောက်နှင့်နေပြီဖြစ်သည်။

စားပွဲဆီသို့ အသာအယာ ဝင်ထိုင်ရင်း
ကြီးကြီးပုတု ပြင်ထားပေးသော ထမင်းကြော်ကို စားလိုက်သည်။

ထမင်းစားရင်း စကားမပြောရဘူး ဆိုသော ဖွားဖွား၏ စကားသည် စည်းကမ်းတစ်ခုဖြစ်သည်။

ထမင်းကြော် စားပြီးနောက် ကော်ဖီသောက်ရင်း ဖွားဖွားစားပြီးတာကိုစောင့်ရသည်။

ဖွားဖွားလက်ကို လက်သုတ်ပုဝါနှင့် သန့်ရှင်းပြီးမှ မိုးဘက်ဆီသို့ ကြည့်လာသည်။

''ကဲ ဖွား ဘုရားကန်တော့ဖို့ သွားမယ်
မီးငယ် ပြီးရင် ဖွားဆီ လာခဲ့ဦး အခန်းထဲကစောင့်မယ်''

''ဟုတ်ကဲ့ ဖွားဖွား ''

ဤစံအိမ်ကြီးတွင် နေ့စဥ်လုပ်ရသော ဝတ္တရားများရှ်ိသည်။

မနက်စာ စားပြီးလျှင် ဘုရားဝတ်ပြုရသည်။
ပြီးမှသာ လုပ်စရာရှိတာလုပ်ရသည်။

ဖွားဖွား အခန်းဆီသို့ ဝင်သွားပြီးနောက်
မိုးလဲ အပေါ်ထပ်ဆီသို့ တက်လာခဲ့သည်။

ဖွားသည် အသက်အရွယ်ရလာသောကြောင့်
အခန်းထဲမှာသာ ဘုရားကန်တော့ခြင်းဖြစ်သည်။

မိုးသည်တော့ အပေါ်ထပ်ရှိ ဘုရားခန်းထဲသို့သာ ဝင်၍ဘုရားဝတ်ပြုလိုက်သည်။

''ကွယ်လွန်သွားခဲ့ပြီဖြစ်သော
မိခင် ဒေါ်မေမီမိုးနှင့်တကွ ကြားကြားသမျှ
အမျှ အမျှ အမျှ...
ယူတော်မူကြပါကုန်သော်
သာဓု...သာဓု....သာဓု....''

သံယောဇဥ်များအားလုံးက်ို မျက်ကွယ်ပြု၍
ကောင်းမှုကုသိုလ်များနှင့်အတူ
ကောင်းမွန်ရာ ဘုံဘဝကို ရောက်ရှိပါစေ
မေမေ....။

Falling in love with Sunflower 🌻(Completed)Donde viven las historias. Descúbrelo ahora