အပိုင်း ( ၅၄ )

12.4K 451 17
                                    

Unicode....

''မနက်အစောကြီးထလာပြီး လွှာငယ့်အိမ်ရှေ့တည့်တည့်မှ ကော်ဖီဆိုင်လေး၌ထိုင်ကာ တစ်ဖက်အိမ်ထဲမှကောင်မလေးအား လာစောင့်ကြည့်မိသည်။ဆိုင်ထဲမှာထိုင်နေသည်မှာ လေးဆယ့်ငါးမိနစ်ပင်ကျော်လာပြီး
လွှာငယ့်အိမ်ရှေ့ကဆိုင်ခန်းများပင် ဆိုင်ဖွင့်ကြပြီဖြစ်သော်လည်း အိမ်ထဲမှအရိပ်အယောင်လေးကိုပင်မမြင်ရသေးပေ...။
မနေ့ညကသူ့ကို မူးမူးရူးရူးနဲ့ကတုံးကောင်လို့
ပြောသွားသောကောင်မလေးကို တွေ့ချင်လွန်းလို့ အိမ်ကိုပါမရမကစုံစမ်းထားရခြင်းဖြစ်သည်။သူတို့တွဲနေတုန်းက ရပ်ကွက်ကိုပဲပြောပြထားတာမို့ အိမ်ကိုတော့သေချာမသိခဲ့။
ဒီနေ့မတွေ့ရရင်မပြန်ဘူးဟု ဆုံးဖြတ်ကာ
ဆိုင်ရှင်၏စပ်စုလိုသောအကြည့်အား လျစ်လျူရှုကာ ပေတေထိုင်နေမိသည်။
ဆိုင်ကလည်း တစ်ထပ်ခွဲလေးဖြစ်တာမို့
အပေါ်ထပ်ကနေဆို လွှာငယ့်အိမ်ကိုသေချာမြင်နေရသည်။

နောက်ဆိုရင် လွှာငယ်နဲ့ခဏခဏဆုံနိုင်ဖို့
အခွင့်အရေးတွေကိုသူဖန်တီးရတော့မည်။
အစီအစဥ်တိုင်းကိုသေချာစီစဥ်ပြီး
ဒီကောင်မလေးကိုသူ့အနားပြန်ခေါ်ရမည်။
သူ့အတွေးနှင့်သူ ပြုံးနေတုန်း ဟိုဘက်အိမ်က
အပေါ်ထပ်ပြတင်းပေါက်ပွင့်လာသည်။
မသိမသာကြည့်တော့ လွှာငယ်မဟုတ်ပဲ
သူ့သူငယ်ချင်းဖြစ်နေသည်။
တစ်ယောက်တည်းနေတာလို့သိထားပေမဲ့
ဘယ်လိုဖြစ်လို့ သူ့သူငယ်ချင်းပါရောက်နေတာပါလိမ့်.......
.
.
.

''ငယ် ဒါစားကြည့် ကိုကိုကိုယ်တိုင်လုပ်ထားတာ လာ....ပါးစပ်ဟလိုက်
အာ......''

ပူတင်းအတုံးသေးသေးလေးတွေကိုခွံ့ကျွေးနေသောကိုကို့ကြောင့် မိုးမှာ ပါးစပ်လေး ဟပေးလိုက်သည်။

''အာ......''

စားမယျပွငျပွိီးကာမှ ကိုကိုသည် ပန်းကန်ကိုင်လျက် မိုးကိုကျောခိုင်းကာ အခန်းထဲသို့ဝင်သွားတာမို့ မိုးမှာထိုင်ရာကနေမြန်မြန်ထပြီးကိုကို့နောက်သို့ ပြေးလိုက်မိသည်။

''ကိုကို့ ''

''ကိုကိုရေ ဘယ်သွားမလို့လဲ''

ကိုကိုသည် မိုးကိုလှည့်မကြည့်တော့ပဲ
ခေါ်နေတာကိုမကြားသလိုပင် တခြားအခန်းတစ်ခုအတွင်းသို့ ဝင်သွားပြန်သည်။
မိုးမှာ ကိုကို့အားမှီအောင်ပြေးလိုက်နေသော်လည်း ခြေထောက်များသည် တစ်စုံတစ်ရာဆွဲထားသလို လေးလံကာ
ကိုကို့ဆီမရောက်နိုင်အောင်ဖြစ်နေရသည်။

Falling in love with Sunflower 🌻(Completed)Hikayelerin yaşadığı yer. Şimdi keşfedin