အပိုင်း (၇)

15.2K 433 1
                                    

Flashback .....
February, 2016 ;

''အား ပူလိုက်တာ ကြွယ်ရယ် အတန်းလဲ
မတက်ချင်တော့ပါဘူး အဆောင်ပြန်ပြီး အိပ်ရအောင်။''

'' Management ချိန်လေ ကျက်စာ ထပ်ပေးဦးမှာ မသွားလို့မဖြစ်ဘူး ။  ပြီးတော့ water festival အတွက် လက်မှတ်လာရောင်းမယ် ကြားထားတယ် ။ ''

''အော် အေးပါ သွားကြတာပေါ့ မသွားခင်
အချဥ်ပေါင်းလေးတော့ ဝင်ဝယ်ခွင့်ပေးပါ။ ''

''အဲ့တာဆိုလဲ မြန်မြန်သွားမယ် ။ တစ်နာရီထိုးတော့မယ်ဟဲ့''

နေပူပူကြီးထဲမှာပင် ကန်တင်းဆီသို့ တစ်ခေါက်အမြန်ပြေးကြရပြန်သည်။
ရာသီဥတု က ပူတာကြောင့်ရယ် မနက်ခင်းကို အတန်းဆက်တိုက် တက်ထားရတာကြောင့်ရယ် လူတွေက နုံးချိနေပြီ ဖြစ်သည်။
ဒီပုံစံနှင့်ဆို Management ချိန်မှာ သေချာပေါက် အိပ်ငိုက်ပါတော့မည်။

အတန်းမစခင် ဆယ်မိနစ်လောက် စာသင်ခန်းဆီသို့ ရောက်နှင့်သည်။
စာသင်ခန်းထဲရောက်မှ ပန်ကာလေ တဖြူးဖြူးနှင့် စငိုက်ပါတော့သည်။

''ဟဲ့ မိုး နင် ထမင်းဆိပ်တက်နေပြီလား ။ ဆရာ့အချိန်မှာ ငိုက်ရင် သေမှာနော်။''

''အေးပါ အေးပါ ''

ခင်ခင့် ဆီက ငေါက်သလိုအသံလေးထွက်လာသည်။

မိုးမှာ မေသူကြွယ်၊ ခင်ကညာပျိုနှင့် လရိပ်နှင်းဆီ ဆိုပြီး သူငယ်ချင်းသုံးယောက်ရှိသည်။
မေဂျာလဲအတူတူ အဆောင်လဲ အတူတူပင်ဖြစ်သည်။ အတန်းထဲမှာလဲ လေးယောက်တူတူရအောင်ထိုင်ခြင်းဖြစ်သည်။

ခင်ခင်က သတိပေးလဲ မိုးက တော့ အိပ်ချင်နေတုန်းပင်။
ထိုစဥ် ရုတ်တရက် အသံတိတ်သွားသောကြောင့် ဆရာလာပြီ အထင်နှင့် ကမန်းကတန်း မျက်စိဖွင့်လိုက်သည်။
ဟင် ဆရာမှ မဟုတ်ပဲ နဲ့...။

'' အားလုံးပဲ မင်္ဂလာပါ ။ အစ်ကိုတို့က တတိယနှစ်က စီနီယာတွေပါ။ ဒီက ညီလေးတို့ ညီမလေးတို့အတွက် water festival လက်မှတ်လာရောင်းပေးတာပါဗျ။''

''yayyy''

'' ကလေးတွေကတော့ တက်ကြွနေတာပဲဗျာ။
လက်မှတ်တွေကို EC တွေဆီမှာ အပ်ခဲ့ပေးမှာပါ။ လက်မှတ်ကတော့ တစ်စောင်ကို5 ထောင်ပါခင်ဗျာ။  စျေးကြီးတယ် မမှတ်ပါနဲ့ခင်ဗျ ။ ညီငယ် ညီမငယ်တို့အတွက် အကျွေးအမွေးအစီအစဥ်လဲ ရှိပြီးသားပါ။ အားလုံးပဲ ပါဝင် ဆင်နွှဲဖို့ ဖိတ်ခေါ်ပါတယ်နော်............''

Falling in love with Sunflower 🌻(Completed)Where stories live. Discover now