Extra 4 💛🌻

8.4K 271 28
                                    

Unicode.....

''နေကြာတွေက တအားလှတာပဲ
အရင်ကထက်တောင်ပိုပြီး ကျယ်လာသလိုပဲ
နေကြာခင်းက...''

''ဟိုဘက်ကအကွက်ကိုထပ်ဝယ်ထားတာလေ
နေကြာတွေလည်းထပ်ပျိုးချင်တာနဲ့ ....''

''ဒီမှာနေရတာ အေးချမ်းတယ်
တိတ်လည်းတိတ်ဆိတ်တယ်
လူသံသူသံတွေနဲ့လည်း ဝေးတယ်
ညနေပိုင်းကျရင်လည်း နေကြာခင်းကြီးကိုငေးနေလို့ရတယ်''

''နေချင်စိတ်ရှိတယ်ဆိုရင် ခဏတဖြုတ်လောက်နေပေါ့ ...ဒါမဲ့''

''အင်း...''

''ဖေဖေပဲနေမယ်ဆိုရင် resort ဘက်က ဝန်ထမ်းတစ်ယောက်ကို အကူအညီတောင်းပြီးစီစဥ်ပေးလို့ရတယ်''

''အင်း စဥ်းစားပါဦးမယ်''

''ညနေစာ ဘာစားချင်လဲ
အရွက်ရောအသားရောဝယ်ထားတာရှိတယ်''

''ကြက်စဥကြော်ကို ထမင်းပူပူလေးရယ်
ခရမ်းချဥ်သီးထောင်းလေးရယ် စားလို့ရမလား''

'' ဟုတ်ပြီ အေးအေးလူလူ ဒိီနားပဲထိုင်ပါဦး
မိုး သွားလုပ်ဦးမယ်''

ကြိမ်ခုံပေါ် သက်သောင့်သက်သာပုံစံနဲ့ မှီထိုင်နေတဲ့ဖေဖေ့ကိုထားခဲ့ရင်း မီးဖိုချောင်ထဲဝင်ကာ ဟင်းချက်ဖို့ပြင်လိုက်သည်။
ရေခဲသေတ္တာထဲကကြက်သားကို အတုံးသေးသေးလေးတွေလှီးရင်း ဂျုံမှုန့်နဲ့ကြက်ဥနဲ့အတူ ရောမွှေကာ ဂျင်းကြက်သွန်ဖြူနဲ့နှပ်ရင်း ခဏထားလိုက်သည်။
သူများတွေ ဒါကိုဘယ်လိုခေါ်လဲမသိပေမဲ့ မေမေကတော့ ကြက်စဥကြော်တဲ့လေ...။
ဗမာခရမ်းချဥ်သီးထောင်းဖို့ရာအတွက် မေမေသင်ပေးခဲ့သည့်အတိုင်း ကျကျနနပြင်ဆင်ကာ အရသာအစပ်အဟပ်ကိုသေချာလုပ်ရသည်။
မိုးဘက်ကဘယ်လောက်ကောင်းအောင်ပြင်ဆင်ပါစေ ဖေဖေစားချင်နေတဲ့ မေမေ့လက်ရာလောက်တော့ကောင်းမှာ မဟုတ်ပါဘူးလေ...။
မိုး သိပါတယ်...
ဖေဖေ မေမေ့ကိုသတိရနေတယ် ဆိုတာ....။
ဒီနှစ်တွေအတောအတွင်းမှာ ဖေဖေ့ကိုတစ်နှစ်တစ်ခါတောင်သွားမတွေ့ဖြစ်ခဲ့ဘဲ နေနိုင်ခဲ့တာကလည်း မိုးပါပဲ.......
မနှစ်ကမှ ကိုယ့်အသိဆရာဝန်ကြီးဆီက ဖေဖေနေမကောင်းလို့ပြန်သိရခါမှ ဖေဖေ့ဆီကို တစ်ခေါက်လားသွားတွေ့ဖြစ်ခဲ့သည်။
ဖေဖေ့မိသားစုကိစ္စနဲ့ပတ်သက်လို့ ဘာဆိုဘာမှမပတ်သက်တော့ဘူးလို့ ကြွေးကြော်ခဲ့ပေမဲ့ တကယ့်တကယ်ကျန်းမားရေကိစ္စဖြစ်လာတော့ မိုးမှာမနေနိုင်။

You've reached the end of published parts.

⏰ Last updated: Apr 13 ⏰

Add this story to your Library to get notified about new parts!

Falling in love with Sunflower 🌻(Completed)Where stories live. Discover now