အပိုင်း ( ၄၉ )

9.8K 355 22
                                    

Unicode........🦋

''ဒီကမ္ဘာမြေကြီးပေါ်မှာ
တချို့သောဘဝတွေက အစပြုနေကြပြီး
တချို့တွေဘဝတွေကတော့ အဆုံးသတ်သွားကြသည်...။

အရာရာကိုစိတ်ချခဲ့ပါလို့ နှုတ်ဆက်ခွင့်ရလိုက်တဲ့ ခွဲခွာခြင်းတွေရယ်.....
စိတ်ချပြီးကောင်းကောင်းသွားဖို့ရာအတွက် နှုတ်ဆက်ဖို့အခွင့်အရေးလေးတောင်မရလိုက်တဲ့ ခွဲခွာခြင်းတွေရယ်.....။

''သမီး သမီးရဲ့ဖွားဖွားဆုံးသွားပြီ
ဖေဖေ သက္ကကိုလာကြိုခိုင်းထားတယ်
အလျင်မလိုနဲ့ ကားကို ဂရုစိုက်မောင်းခဲ့ကြနော်''... တဲ့။

ဘွဲ့ယူပြီးတာနဲ့ ဖွားဖွားအနားမှာနေပြီး ဖွားအလုပ်တွေကူပါ့မယ်လို့ ပြောခဲ့ဖူးသည်။
ဘွဲ့ယူတဲ့အခါ မေမေ့အစား ဖွားလက်ကိုတွဲပြီးဓာတ်ပုံရိုက်မယ်လို့လည်း ပြောခဲ့ဖူးသည်။
နောက်ဆုံးနှစ်စာမေးပွဲပြီးလို့ပြန်လာရင်တော့
ဖွားနဲ့အတူ ရိပ်သာဝင်မယ်လို့ ကတိလည်းပေးခဲ့ဖူးသည်....။
သို့သော် နောက်ဆုံးနှစ်တက်နေတဲ့အတောအတွင်း ဖွားရှိရာအိမ်ဆီကို တစ်ခေါက်သာပြန်ဖြစ်ခဲ့သည်။

ဖေဖေ့အမျိုးသမီးဖြစ်လာသော ဒေါ်ထိပ်ထားမေ၏ ကဲကဲသဲသဲအပြုအမူများကိုသဘောမကျရသည့်အပြင် သူ့မှာကိုယ်ဝန်ပါရှိလာတော့
မိုးအတွက် စိတ်မသက်မသာဖြစ်လာခဲ့သည်။

ဒါကြောင့် ကျောင်းပိတ်တုန်း တစ်လလောက်သာလျှင်နေပြီး ကျောင်းကိုအစောပြန်လာခဲ့မိသည်။ဖွားကိုပင် ကောင်းကောင်းမနှုတ်ဆက်ခဲ့.....။

နောက်ဆုံးအနေနဲ့ခွဲခွာရခြင်းတွေမှာ
သေချာပေါက်နှုတ်ဆက်ချင်တယ်....။
စိတ်ချပါနော်လို့ ကတိပေးချင်ပြီး
ကောင်းကောင်းသွားပါလို့ နှုတ်ဆက်လိုက်ချင်သည်....။
သို့သော် အခှှိနသှညှ လွန်သွားခဲ့လေပြီ......။

အမြန်ပြန်လာဖို့ခေါ်ဆိုလာတဲ့
ဖုန်းကောလ်တွေကိုမုန်းတယ်....။
အလျင်လိုစွာဖြင့် လာကြိုတဲ့
ယာဥ်တွေကိုလည်း မုန်းတယ်....။
နှုတ်မဆက်လိုက်ရတဲ့ ခွဲခွာခြင်းတွေအတွက်တော့ နောင်တရတယ်.....။

သီပေါကိုဘယ်ချိန်ရောက်ပြီး ဖွား၏ လဲလျောင်းရာ နေရာကိုဘယ်ချိန်ရောက်ခဲ့မှန်းပင် သေချာသတိမထားမိ။
သိသာတာကတော့ ဖွားသည် တော်တော်ရုပ်ကျသွားခဲ့သည်။
အမြဲမာန်တဝင့်ဝင်နှင့် သြဇာကြီးသော
ဒေါ်ကလျာသည် ပိန်ကျကာ ဆံနွယ်တွေကလည်း ဆွတ်ဆွတ်ကိုဖွေးလို့.......။
ဗိုက်ဖုံးအင်္ကျီတကားကားဖြင့် ဒေါ်ထိပ်ထားမေသည် အိမ်ကြီးရှင်တစ်ယောက်ကဲ့သို့ လာသမျှဧည့်သည်ကိုမျက်ရည်လေးတစမ်းစမ်းဖြင့်
ဧည့်ခံနေခဲ့ပြီး မိုးသည်တော့ ဖွားဖွား၏ လဲလျောင်းရာကုတင်ဘေးမှာသာနာရီပေါင်းများစွာထိုင်နေခဲ့သည်။

Falling in love with Sunflower 🌻(Completed)Where stories live. Discover now