အပိုင်း (၆၂)

14.3K 517 56
                                    

Unicode.......

အချင်းချင်းစကားမပြောဖြစ်ကြပေမဲ့
တစ်ယောက်နဲ့တစ်ယောက် ဘာဖြစ်လို့ဖြစ်နေကြမှန်းမသိ ထူးထူးဆန်းဆန်းငြိမ်နေကြသည်။

မိုးမှာလည်း ဟိုးနားကယားတာလိုလို ဒီနားကယားတာလိုလိုနဲ့ ဟိုကုတ်ဒီကုတ်လုပ်နေမိသည်။
အစ်ကို့ကိုခိုးကြည့်တော့ ပြုံးနေသည်။
အာ ဘာလို့ပြုံးနေတာလဲ ...
သူပြုံးလေလေ ဒီက ဘယ်နားကယားလို့ ဘယ်နားကုတ်ရမှန်းမသိလေလေ.....

(တကယ်က အသည်းယားနေတာပါ ><)

''လွှာငယ် ဘာတွေဖြစ်နေတာလဲ လှုပ်စိလှုပ်စိနဲ့''

''ဟင်....ယား....ယားလို့''

''ဘယ်နားကယားတာလဲ ရေမချိုးခဲ့ဘူးလား''

''ချိုးခဲ့ပါတယ်နော်''

''အဟွန်း....ဟုတ်ပါပြီ
ကိုယ်ရှေ့နားကျရင် ဆီဖြည့်ဦးမယ်နော်
မင်း toiletဝင်ချင်ရင်ကိုယ်စောင့်ပေးမယ်''

''ဟုတ် ''

အစ်ကိုသည် ဒီနေ့တော့ အဖြူပေါ်တွင်အနက်စင်းလေးများပါသည့်ရှပ်အင်္ကျီကို သူ့စတိုင်အတိုင်း တံတောင်ဆစ်နားလောက်ထိခေါက်ထားသည်။
အစ်ကိုသည်ဆံပင်တော့တော်တော်အရှည်သန်သည်။ဟိုတလောကမှကတုံးဆံပင်ပေါက်ကို အခုဆို တော်တော့်ကိုရှည်ကာ ထိပ်တွင်ကြက်တောင်စည်းတောင်စည်းလို့ရနေပြီဖြစ်သည်။

''ကြည့်လို့ဝပြီလား....''

''ဘယ်မှာကြည့်လို့လဲ''

သူခိုးလူမိဖြစ်သွားရပါသောမိုးသည်တစ်ဖက်သို့အမြန်အကြည့်လွှဲလိုက်ကာ နှုတ်ခမ်းကိုက်ထားရသည်။
ငေးချင်ဦးဟဲ့....

''လှတယ်....
ဒီနေ့ ဒီလိုပုံစံလေးနဲ့လည်း လှတယ်''

အစ်ကိုသည် စကားအဆက်အစပ်မရှိပြောလာတာမို့ သူ့ဘက်ကိုလှည့်ကြည့်လိုက်တော့
အကြည့်ချင်းစုံသွားသည်။

''ဟင် ညီမကိုပြောတာလား''

''ကိုယ်လှတယ်တဲ့လို့ပြောတဲ့အမျိုးသမီးက
သုံးယောက်ပဲရှိတယ်
လေဒီရယ် မာမီရယ်...ပြီးတော့မင်းရယ်''

''ဒီမှာ အစ်ကို့ကားပေါ်လိုက်တယ်ဆိုပြီး ယီးတီးယားတားမလုပ်နဲ့နော်''

Falling in love with Sunflower 🌻(Completed)Hikayelerin yaşadığı yer. Şimdi keşfedin