Unicode....အငွေ့တထောင်းထောင်းထနေသော
ခေါက်ဆွဲပြုတ်သည် အနံ့မွှေးကြိုင်စွာ
မိုးရှေ့ကစားပွဲပေါ်၌တည်ရှိနေသည်။
သို့သော် စားချင်စိတ်ကမရှိ....။
အရွဲ့တိုက်ခြင်းသည် ကောင်းကျိုးမရှိမှန်း
ပူလောက်နေသောစိတ်တို့ကသက်သေပြနေသည်။
စိတ်ဆိုးမာန်ဆိုးဖြင့်ပြောချင်ရာပြောကာဖုန်းချခဲ့ပေမဲ့ တကယ်ဖြစ်ချင်ခဲ့တာ ဒါမဟုတ်မှန်း
ကိုယ်တိုင်သာသိသည်။
စိတ်လိုက်မာန်ပါလုပ်ခဲ့ပြီးကာမှ ကိုကိုစိတ်ဆိုးသွားပြီလား ငြိုငြင်သွားပြီလားဆိုသော စိုးရိမ်စိတ်ကဝင်လာသည်။
အရမ်းသဝန်တိုနေရင်ကိုကိုကကြိုက်ပါ့မလား...စိတ်လိုက်မာန်ပါလုပ်တာတွေကိုရော ကိုကိုကသည်းခံပေးပါ့မလား.......။saveထားခဲ့သော ကိုကိုနှင့်ထိုအစ်မကြီးပုံကိုပြန်ကြည့်မိရင်း အတွေးမျိုးစုံခေါင်းထဲဝင်နေသည်။
အစ်မကြီး၏ wallထဲအားဝင်ကြည့်မိချိန်
မိုးမှာအားငယ်စိတ်ဝင်ရသည်။
cosmetic ဆိုင်သုံးဆိုင်ကိုအုပ်ချုပ်နေသော အစ်မကြီးသည် မိန်းကလေးတွေအားကျရသော business womanတစ်ယောက်ပင်ဖြစ်သည်။စီးပွားရေးတက္ကသိုလ်မှဘွဲ့အပြင် နိုင်ငံခြားတက္ကသိုလ်တစ်ခုဘွဲ့ကိုပါယူထားသေးတာမို့ ပညာအရည်အချင်းကလည်း အားကျဖွယ်ရာပင်။လောလောလတ်လတ်တင်ထားသော ပိုစ့်အောက်၌ commentများစွာရှိနေပြီး ကိုကိုနှင့်စနောက်ထားကြသည်များလည်းရှိသည်။
smartကျပြီးထက်မြက်ပုံရသောထိုအစ်မကြီး၏ မျက်နှာသည် ဓာတ်ပုံထဲမှာကို အပျော်တွေဖြင့် ရွှင်မြူးနေပုံပေါ်သည်။ပထမဆုံးအကြိမ် ကိုယ့်ကိုကိုယ်တခြားသူနှင့်နှိုင်းယှဥ်မိခြင်း......။
မိုးမှာ ထိုအစ်မကြီးနှင့်ယှဥ်နိုင်စရာ ဘာမှမရှိ။
ရုပ်ရည်.....အရည်အချင်း.....။
တွဲတာ ရက်၃၀တောင်မပြည့်သေးသော ကောင်မလေးက ဒီလိုတွေထိလိုက်တွေးနေလို့
ဟာသဖြစ်ချင် ဖြစ်နေမှာပဲ။
ကိုကိုသည် ဖုန်းခေါ်တာမကိုင်တော့ messenger မှာ စာတွေဆက်တိုက်ပို့နေသည်။''ငယ် ကိုကို့ဖုန်းကိုကိုင်ပါနော် ကိုကိုတောင်းပန်ပါတယ် ''
''ကိုကိုရှင်းပြတာကိုနားထောင်ပေးနော်
ကိုကို့ကို ဒီလိုလျစ်လျူမရှုထားနဲ့ကွာ''
KAMU SEDANG MEMBACA
Falling in love with Sunflower 🌻(Completed)
RomansaOwn Creation Unicode & Zawgyi ....................... 🌻💛 ............................. Pictures from Pinterest...🌻 (Credit to owners)