Unicode.....
''ကိုကို လှလားကြည့်ကြည့်''
''ငယ်ရာ.....ဟား ''
ရန်စစ်လည်း သူ့လက်ထောက်မှပို့လာသော မဖြစ်မနေအမြန်လုပ်ပေးရမည့်အလုပ်များကို အမြန်လုပ်ရင်း မှန်ရှေ့၌အလုပ်ရှုပ်နေသော ငယ့်ကိုလှမ်းကြည့်လိုက်သည်။
ငယ်သည် ချွတ်ထားသော သူ့အနွေးထည်အကြီးကြီးဝတ်ကာ ခုန်ဆွခုန်ဆွလုပ်နေသည်။
အောက်က အနွေးဘောင်းဘီအပွနှင့် အပေါ်ကသူ့အနွေးထည်အကြီးကြီးဝတ်ထားသော ငယ်သည်
ဘာကြီးနဲ့တူနေမှန်းမသိပေမဲ့လို့ ချစ်စရာတော့ကောင်းသည်။''ငယ် ဗိုက်ဆာနေပြီလား ကိုကိုပြီးတော့မယ်နော်
ခဏလေးပဲစောင့်''''အေးဆေး အေးဆေး''
''Ring.....Ring....''
''ဟဲလို ကိုသက္က ''
''.........''
''ဟုတ်တယ် ညီမ ပင်လောင်းရောက်နေပြီ
ညီမကောင်လေးပါလာတယ်ရယ်''''................''
''သြော်....ဟုတ် ဒါဆိုလည်း မနက်ဖြန်ကျမှမိတ်ဆက်ပေးတာပေါ့ ကိုသက္ကလည်း
ဟိုမှာတစ်ယောက်လောက်ရှာလိုက်တော့''''............''
''ဟုတ်ဟုတ် ဒါပဲနော်''
မိုးသည် ဦးသက္ကဖုန်းချသွားတော့မှ ကိုကိုသည် မိုးကိုစိုက်ကြည့်နေတာတွေ့လိုက်ရသည်။
''သက္ကဆိုတာ ဟိုဘဲကြီးမလား''
''အွန်း အဖေ့မိန်းမ၏မောင်လေ''
''ဘာတဲ့လဲ သူက''
''သြော် ပင်လောင်းရောက်နေလို့တဲ့ မနက်ဖြန်တစ်ခေါက်လောက်ဆုံရအောင်တဲ့''
''သြော်.......''
''ငယ့်ကိုစကားတွေလာပြောနေတာ ကိုကိုကအလုပ်ပြီးပြီလား''
''ပြီးတော့မှာ ခဏတင်''
''အွန်း''
ရန်စစ်လည်း သူ့ရဲ့မပြီးမပြတ်လက်မှတ်ထိုးရမဲ့mailတွေကိုဆက်တိုက်စစ်နေရသည်။သူ့လက်ထောက်နဲ့ဖုန်းပြောရင်း
အချိန်ဇယားတွေကိုပါ ပြန်ညှိနေရတာမို့ နည်းနည်းတော့အချိန်ကြာသွားခဲ့သည်။
သူအလုပ်ပြီးလို့ နာရီကြည့်လိုက်တော့ ၆နာရီပင်ခွဲနေလေပြီ။
ငယ့်အားလှမ်းကြည့်တော့ သူ့ဘက်မျက်နှာလေးလှည့်ရက်ပင် အိပ်ပျော်နေသည်။
ညနေခင်းကြီးအိပ်ပြန်ပြီ ဖျားတော့မှာပဲ....။
STAI LEGGENDO
Falling in love with Sunflower 🌻(Completed)
Storie d'amoreOwn Creation Unicode & Zawgyi ....................... 🌻💛 ............................. Pictures from Pinterest...🌻 (Credit to owners)