Unicode.....
''ကိုကိုနဲ့ကတကယ်မောင်နှမတွေလိုပါငယ်ရာ
ငယ် ကိုကို့ကိုမယုံဘူးလားပြော''''ယုံတယ်လေ ယုံတာကယုံတာပဲ
ဒါပေမဲ့ ကိုကိုကဘာလို့ ငယ့်ကိုအဲဒီအစ်မပါမယ်ဆိုတာကြိုမပြောတာလဲ
ကိုကိုကတကူးတကတောင်သွားခေါ်ပြီး တကူးတကတောင်ပြန်လိုက်ပို့သေးတယ်
ပြီးတော့ ကိုကို့သူငယ်ချင်းပြောတာက
ဘာသဘောနဲ့လဲဆိုတာ ကိုကိုလည်းသိမှာပေါ့''မိုးမှာပြောနေရင်းနဲ့ စိတ်ကတိုလာကာ ရှေ့တည့်တည့်ကဝက်ဝံရုပ်ခေါင်းကို ကိုကိုအမှတ်နဲ့ ခေါက်ချလိုက်သည်။သူငယ်ချင်းတွေကအစ မထိတထိစနေတဲ့ဟာကို မောင်နှမပါလို့ ပြောနေသေးသည်။
''အာ အဲ့ကောင်တွေက အဲဒီလိုစတာ အကျင့်ဖြစ်နေလို့ပါကွာ ကိုကိုနောက်ဆို ငယ့်ကိုကြိုပြောမယ်လေကွာနော်''
''ကိုကိုကအမြဲ ငယ်စိတ်ဆိုးပြီဆိုမှဆင်ခြေတွေတအားပေးတာ
ငယ်တခြားဟာတွေဆိုဘာပြောလို့လဲ...
ငယ်သဝန်တိုတတ်တာ ကိုကိုသိရက်နဲ့''''ဟုတ်ပါပြီဗျာ ကိုကိုမှားပါတယ်နော်''
သြော် မှားပါတယ်နော်လို့ သနားစရာကောင်းအောင် အတွင်တွင်ပြောနေတော့လည်း စိတ်ကလေးကပျော့ချင်လာပြီ။
ကိုကိုတို့များ နိုင်ကွက်ကိုသိနေသလားပဲ....။''ကိုကို ငယ့်အပေါ်မှာ အချစ်တွေလျော့နေပြီမို့လား ငြိုငြင်နေပြီမို့လား ''
''ဟာ မငြိုငြင်ရပါဘူးဗျာ အချစ်လည်းမလျော့ရပါဘူး ဒီကလေးလေးတစ်ယောက်ကို
ဒီလောက်ချစ်နေရတာ.....
ပြီးတော့ ကိုကို့သူငယ်ချင်းတွေဆိုတာလည်း ငယ်နဲ့တွဲနေတာသိပြီးသားပါ သူတို့ပါးစပ်ကအဲဒီလိုပဲ တအားပေါက်ကရတွေပြောတတ်တာ''''အဲဒီအစ်မကြီး my dayကိုကြည့်ပြီး ငယ်ဘယ်လောက်ပူလောင်နေရလဲ သိလား
ငယ့်မှာ ဒီနေ့ဦးသက္ကနဲ့သွားလာနေရတာကို
ကိုကို့ကိုမပြောမိတာတောင် ငယ့်မှာကိုကိုအပေါ်အပြစ်လုပ်မိသလိုခံစားနေရတာ...
ကိုကိုမကောင်းဘူး''''ဟုတ်ပါတယ်ကွာ ကိုကိုကမကောင်းတာ
ဒါနဲ့ ငယ်ကအဲဒီ ဦးသက္ကနဲ့ဘယ်သွားလို့လဲ''
YOU ARE READING
Falling in love with Sunflower 🌻(Completed)
RomanceOwn Creation Unicode & Zawgyi ....................... 🌻💛 ............................. Pictures from Pinterest...🌻 (Credit to owners)