Extra - 1

19K 522 59
                                    

Unicode.............

''မနက်ခင်းခန်းမမှာဆောင်ပြီး ညနေခင်းကျတော့ ကိုကိုတို့ခြံထဲမှာပဲ ကိုကို့သူငယ်ချင်းတွေနဲ့မိုးသူငယ်ချင်း ပျိုပျိုတို့လင်မယားကိုတစ်ခါဧည့်ခံပေးသည်။
ကိုကို့သူငယ်ချင်းတွေကလည်း လူသိပ်တော့မများအားလုံးပေါင်းမှဆယ်ယောက်တောင်
မပြည့်။

မိုးသူငယ်ချင်းကတော့ ပျိုပျိုသာရှိသည်။
တက္ကသိုလ်တုန်းကပေါင်းခဲ့တဲ့ခင်ခင်ရောလရိပ်ရော ကြွယ်ကြွယ်ရောက ဖုန်းနဲ့သာလှမ်းပြီးဂုဏ်ပြုစကားပြောပေးကြသည်။သူတို့လည်း သူတို့အိမ်ထောင်နဲ့သူတို့ နယ်တွေမှာမို့ မဆုံဖြစ်တာတောင်နှစ်တွေအတော်ကြာခဲ့ပြီဖြစ်သည်။

''မိုး ငါတို့ပြန်တော့မယ် ငါ့ယောကျ်ားကမနက်ကျရင်လည်း ခရီးသွားစရာရှိလို့''

''သြော် အေးပါအေးပါ
မုန့်တွေထည့်ပေးလိုက်ဦးမယ်
ညကျ နင်ဗိုက်ဆာရင်စားရအောင်လို့''

''အေးအေး''

ပျိုပျိုပြန်သွားတော့မှ မိုးလည်း ကိုကိုတို့ဝိုင်းရှိရာဘက်ကိုသွားလိုက်သည်။ကိုကိုတစ်ယောက်တည်းစကားပြောနေရတာ အားနာစရာကြီးလေ။
ကိုကို့သူငယ်ချင်းတွေနဲ့က အရင်တုန်းကတစ်ခေါက်နှစ်ခေါက်လောက်ပဲဆုံဖူးသည်။ဒါတောင် မိတ်ဆက်ပေးသင့်တယ်ထင်လို့ဟု သဝန်တိုတတ်လွန်းတဲ့ကိုကိုကပြောသည်။

''ကိုကို ဘာလိုသေးလဲ''

''ဘာမှ မလိုပါဘူးဗျာ''

''ညီမလေး မနက်ကသေချာတောင်
မနှုတ်ဆက်ရဘူး
ကွန်ဂရက်ကျူလေးရှင်းပါနော် ငါ့ညီမတို့
အိုအောင်မင်းအောင်ပေါင်းရပါစေ''

''ပေးတဲ့ဆုနဲ့ ပြည့်ပါရစေရှင်''

ကိုကို့သူငယ်ချင်းတွေပေးတဲ့ ဆုတွေကို ပြုံးပြုံးလေးနဲ့လက်ခံရင်း ကိုကို့နားလေးဝင်ထိုင်လိုက်သည်။
ကိုကိုက ဘေးနားကပ်ထိုင်နေတဲ့ မိုးရဲ့လက်ကလေးကိုသူ့လက်ကြီးနဲ့အုပ်ကိုင်ထားကာ သူကိုယ်တိုင် အကင်တွေကိုတစ်ခုပြီးတစ်ခုခွံ့ကျွေးနေသည်။

''ကျွန်တော့်အလုပ်ထဲမလာစဖူး ခဏခဏလာနေကတည်းက ကျွန်တော်ရိပ်မိတယ်ဗျ
လာလိုက်ရင်လည်း ဘယ်မှမဝင်ဘူး
တန်းတန်းမတ်မတ်ကိုကျွန်တော့်ရုံးခန်းဆီ
လာတာ
အဲ့ကတည်းက မရီးကိုချိန်နေတာ သိတယ်''

Falling in love with Sunflower 🌻(Completed)Where stories live. Discover now