အပိုင်း ( ၅၂ )

12.5K 442 9
                                    

Unicode.....

''တိတ်ဆိတ်နေသော ဆိုင်ကလေးသည်
နေမြင့်လာသည်နှင့်အမျှတစ်စထက်တစ်စလူများလာခဲ့သည်။
မှာထားပြီးမှမစားနိုင်တော့သော မုန့်ဟင်းခါးပန်းကန်လေးသည် တစ်ဝက်တစ်ပျက်နှင့်အေးစက်နေလေပြီ...။

ရေနွေးတစ်ခွက်ကိုမော့သောက်လိုက်ရင်း
ဒီဆိုင်မှာမှဒီလိုအချိန်လာတွေ့တာက
တိုက်ဆိုင်လွန်းသည်ဟုတွေးနေမိသည်။
ထိုင်နေတာ တစ်နာရီနီးပါးကြာနေပြီမို့
ကိုယ့်ကိုယ်ကိုယ်အားတင်းကာပိုက်ဆံရှင်း၍
ဆိုင်ထဲမှထွက်လာလိုက်သည်။

နှုတ်ဆက်လိုက်တာထက် မမြင်ချင်ယောင်ဆောင်ပြီးထွက်သွားတာက ကျွန်မအတွက် ပို၍အဆင်ပြေသည်..။
သူရှိရာစားပွဲဘေးကနေ မသိချင်ယောင်ဆောင်ကာ ထွက်လာခဲ့သော်လည်း ရင်တဒိတ်ဒိတ်တုန်နေမိသည်။

လမ်းမကြီးပေါ်ပြန်ရောက်ချိန် နောက်ကိုလှည့်ကြည့်ရင်းဘယ်သူမှပါမလာတာမြင်တော့မှ
စိတ်ကအေးသွားသည်။
သွားဖို့စီစဥ်ထားတာတွေကိုမသွားတော့ပဲ ဟိုတယ်ဆီသို့ပြန်ရန်သာလုပ်လိုက်သည်။
သူနဲ့ပတ်သတ်ရင် ကျွန်မရဲ့စိတ်ထဲကအနာတရများသည် နည်းနည်းလေးမှပင်အထိမခံနိုင်သေးတာကို ကိုယ်တိုင်ပဲသိသည်။

ဟိုတယ်ရောက်တော့ပစ္စည်းများကိုသေချာသိမ်းကာ အခန်းပြန်အပ်ပြီးကားဂိတ်ဆီသို့သာ
သွားလိုက်သည်။
ကားလက်မှတ်ဖြတ်ပြီးတာနဲ့ ကားဂိတ်ထဲကဆိုင်တစ်ခုမှာထိုင်ရင်း ကားထွက်မဲ့အချိန်ကိုစောင့်နေမိသည်။
အစက လှူနေကျပရဟိတကျောင်းဆီကိုလူကိုယ်တိုင်သွားလှူမယ်စိတ်ကူးထားပေမဲ့
မသိစိတ်ကသူနဲ့ထပ်တွေ့မှာကိုစိုးရိမ်နေမိတာမို့
မန္တလေးကိုပြန်ဖို့သာလုပ်လိုက်ခြင်းဖြစ်သည်။
ထိုစဥ် အိတ်ထဲဖုန်းမြည်လာလို့ ကြည့်လိုက်တော့ အဖေ့ဆီမှဖြစ်သည်။တစ်ပတ်တစ်ခါလောက်သာ ကျွန်မဘက်ကဆက်သွယ်ဖြစ်သော်လည်း အခုတော့ထူးထူးခြားခြသူ့ဘက်ကဖုန်းစဆက်နေသည်။

''ဟဲလို...''

''အေး သမီး အဖေပြောစရာရှိလို့''

''ဟုတ်ကဲ့''

''မောင်သက္က နိုင်ငံခြားကနေပြန်လာတယ်
အဲဒါည၈နာရီရောက်မှာတဲ့
သမီးသူ့ကိုသွားကြိုပေးဦး''

Falling in love with Sunflower 🌻(Completed)Where stories live. Discover now