၁၃ ရာစု ၊ ယွမ်မင်းဆက်ကာလ၊ ချင်းဟိုင်ပြည်နယ်....။"သခင်လေး...သခင်ကြီး အခေါ်လွှတ်လိုက်ပါတယ်"
"အင်း..."
ရှောင်းကျန့် ဖတ်လက်စ ကဗျာစာအုပ်ကို စားပွဲပေါ် အသာချလိုက်ရင်း ပါးဆီ သွား
ဖို့ပြင်ရတယ်။ ပိုးသားနဲ့ချုပ်ထားတဲ့ ခေါင်းပေါင်းအနက်လေးကို ဆောင်းအပြီးမှာတော့ ခြေလှမ်းခပ်ကျဲကျဲတွေက အိမ်တော်ဆီဦးတည်ပါတော့တယ်။မိုးမခပင်အောက်က ကျောက်သားစားပွဲပေါ်ကျန်ရစ်ခဲ့တဲ့ ကဗျာစာအုပ်လေးကတော့ လေအလှပ်မှာ တဖျတ်ဖျတ် လွင့်လို့...။~~~~~~~~~~~~~~~~~~~~~~~~~~~~~~
"ဒါတော့...ကျွန်တော်သဘောမတူနိုင်ဘူး ပါးနဲ့ မား"
"အားကျန့်...လိမ္မာစမ်းပါကွယ်...ဒီကိစ္စက မင်းဖခင်ကိုယ်တိုင် စီစဉ္ထားတာမို့..."
"မား...ကျွန်တော်က ယောကျ်ားတစ်ယောက်ပါ...အခုကျ မျိုးတူယောကျ်ားတစ်ယောက်ကို လက်ထပ်ရမယ်တဲ့လား...ဟင့်အင်း....
ဟင့်အင်း...ပါး စီစဉ္လည်း ဒီတစ်ခါတော့ ဘယ်လိုနည်းနဲ့မှ လက္မခံနိုင်ဘူး ""အားကျန့်...မင်းက မွန်ဂိုတွေလက်အောက္မှာတောင်မှ အရာရှိစာမေးပွဲဝင်ဖြေပြီး မင်းမှုထမ်းဖြစ်ချင်သေးတာလား...ဒီအဖေက အကောင်းဆုံးနည်းလမ်းကိုစီစဉ္ထားတာမို့ ဒီအတိုင်း နာခံ...ဟမ့်"
ဝတ်ရုံလက်ကို ခါပြီးထထွက်သွားတဲ့ပါးက နည်းနည်းလေးမှ မျက်နှာသာ ပေးမဲ့ပုံမပေါ်။ ဒီပုံအတိုင်းဆို ရှောင်းကျန့်က
ယောကျ်ားတစ်ယောက်ကို သေချာပေါက်လက်ထပ်ရတော့မှာပေါ့။ ကျိန်းစပ်လာတဲ့ မျက်ဝန်းဟာ မျက်ရည်စတချို့ တွဲလွဲခိုစပြုနေပြီမို့ မျက်တောင်ရှည်တွေနဲ့ အသာအယာပုတ်ခတ်မောင်းထုတ်ပစ်လိုက်ရတယ်။ မိဘအလိုကို ဆန့်ကျင်ဖို့ရာ မဝံ့ရဲတဲ့ ရှောင်းကျန့်က ဒီတစ်ကြိမ်လည်း ခေါင်းညိတ်လက်ခံပေးရအုံးမှာလား။"အားကျန့်က လက်ထပ်ပြီးတာနဲ့ အဝေးကြီးကို လိုက်သွားရမှာ ဆိုပေမဲ့ လုံခြုံတဲ့နေရာမို့ မားကတော့ စိတ်ချတယ်...တိဗက်အကြီးအကဲက လူကောင်းတစ်ယောက်ပါကွယ်...အားကျန့်ကို အပြည့်အဝကာကွယ်ပေးပါလိမ့်မယ်..."
YOU ARE READING
Tales Of The Himalayas (Completed)
Fanfiction"စာမရီ ရေခြုံထားတာတောင္မှ သိပ္မနွေးသလိုပဲနော္..." "လာ...ဒီဘက်ကိုတိုး...ကျုပ္ကိုယ်ငွေ့နဲ့ ထွေးပေးမလို့..."