(Final)Unicode

7K 606 51
                                    


ရိပေါ်အခု လာမားကျောင်းတော်နံဘေး
က ကမ်းပါးစွန်းမှာ ရပ်နေတယ်။ချစ်ရတဲ့ ရှောင်ရှောင်းကတော့ ဆုတောင်းအလံ
ငယ်လေးတွေကို လိုက်လံချိတ်ဆွဲလို့နေပါတယ်။ခြေဖျားလေးမမီ့တမီ ထောက္ပြီးချိတ်ဆွဲနေတာမို့ ရိပေါ် ဖွဖွပြုံးမိသွားရ
တဲ့အထိပဲ။

တစ်ချက်တစ်ချက် ရိပေါ်ဘက်ခေါင်းလေးစောင်းငဲ့ပြီး ပါးချိုင့်ကလေး ခွက်ကျွံသွားအောင်ပြုံးပြနေပြန်ပါသေးရဲ့။ဒီအတောအတွင်း တိဗက်ဗုဒ္ဓဘာသာကို ယုံကြည်ကိုင်းရှိုင်းလာတဲ့ ကြင်ဖက်ကလေးက သိပ်ကို ချစ်ဖို့ကောင်းလွန်းနေပါတယ်။

ရိပေါ်အနေနဲ့ ရှောင်ရှောင်းကို သိခဲ့တာ ဒီ
နွေဦးဆို တစ်နှစ်တင်းတင်းပြည့်ခဲ့ပြီပဲဖြစ်တယ်။ ဝါးပလွေလေးတစ်ချောင်းကနေ စတင်ခဲ့တဲ့ တစ်ဖက်သတ်ချစ်မေတ္တာဟာ ရှောင်းသခင်ကြီးနဲ့ မိတ်ဖွဲ့သိကျွမ်းခဲ့ရတဲ့အထိပါပဲ။

ခန်မင်းကြီး ကူဗလိုင်ခန်ရဲ့ မွန်ဂိုအစေအပါးတချို့က ရိပေါ်အပိုင်အဖြစ်သတ်မှတ်ထားပြီးသား ရှောင်းသခင်လေးကိုမှ လိုချင်တပ်မက္ပါသတဲ့။မျိုးရိုးဂုဏ်ချင်းတူမှသာ ပိုအဆင်ပြေမှာမို့ ရှောင်းသခင်လေးကို အရာရှိစာမေးပွဲဝင်ဖြေဖို့ တိုက်တွန်းနေကြသေးတာရယ်။

ချင်းဟိုင်လို နယ်စပ်မြို့မှာ အရာရှိအဖြစ်ထမ်းဆောင်နေပေမဲ့ အစေအပါးက အစေအပါးပဲမို့ အတွေးအခေါ်နဲ့စိတ်ဓာတ်အရည်အချင်းတွေက ရိပေါ်လို
တိဗက္တော်ဝင်သွေး တစ်ယောက်ကို ဖက်ပြိုင်အန်တုနိုင်မှာတဲ့လား။

တရုတ်နိုင်ငံကိုကျူးကျော်ခဲ့တဲ့ မွန်ဂိုတွေဟာ ဟန်တွေကို မြို့လုံးကျွတ်မီးရှို့ပြီး ရက်ရက်စက်စက်သတ်ဖြတ်နှိမ်နင်းခဲ့
တာမို့ မွန်ဂိုတွေကိုဆိုရင် ဟန်တွေက အသွေးအသားထဲကကို တူးခါးနေအောင် မုန်းကြတယ်။ဒါကိုက ရိပေါ်ဘက်က အားသာချက်တစ်ရပ် ဖြစ်လို့နေပါတယ်။

တကယ်တမ်းကျ ရှောင်းသခင်ကြီးရဲ့ကမ်းလှမ်းမှုက အဖြူထည်သက်သက်ပါပဲ။ရှောင်းသခင်လေးကို တိဗက်လာမားကျောင်းတော်ဆီ စာသင်သားအနေနဲ့ပို့ချင်ခဲ့တာရယ်။ ရိပေါ်ဘက်က မေတ္တာရှိနေကြောင်း ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ဝန်ခံခဲ့တာကြောင့်သာ အံ့ဩဝမ်းသာနဲ့ လက်ခံခဲ့တာပါပဲ။

Tales Of The Himalayas (Completed)Where stories live. Discover now