"ဟေး...ထတော့လေ"လေသံတိုးဖွဖွက ဝဲတဲဩရှနေသလိုပါပဲ။
ဒီအသံမျိုးကြားဖူးသလိုရှိပေမဲ့လတ်တလောတော့ ရှောင်းကျန့်မစဉ္းစားချင်ပါဘူး။ပါးပြင်ပေါ် လက်ညှိုးတစ်ချောင်းနစ်ဝင်တို့ထိလာသလို ခံစားချက္မျိုးရလိုက်ပေမဲ့လည်း ရှောင်းကျန့်ကတော့ နိုးဖို့အစီအစဉ္မရှိတာအမှန်။
နည်းနည်းလေးဖြစ်ဖြစ် ဆက်အိပ်ချင်သေးတာမို့...။"ထတော့လေ...ခရီးထွက်ရအုံးမှာ..."
ဒီတစ်ခါတော့ ရှောင်းကျန့်ပါးပြင်ကို လက်ညှိုးလက်မသုံးရင်း ဖွဖွဆွဲဖျစ်လို့နှိုးလာတာမို့ မျက်လုံးကို မနည်းအားယူဖွင့်လိုက်တဲ့အခါ အနီးကပ်မြင်လိုက်ရတဲ့ လက်ဖျံဖွေးဖွေးကြောင့် အကြီးအကဲမှန်း သိလိုက်ရတယ်။
ရုတ်တရက်ဆိုသလိုပဲ အကြီးအကဲကတောင် လာနှိုးနေရပါလားဆိုတဲ့အသိက ရုတ်ချည်းဝင်ရောက်လာတာမို့ အိပ်ရာကနေ ကမန်းကတန်းလူးလဲထလိုက်ပါတယ်။
ဒီလိုနဲ့ပဲ ငုံ့မိုးကြည့်နေတဲ့အကြီးအကဲရဲ့ နဖူးပြင်ပြေပြေနဲ့ ရှောင်းကျန့်နဖူးကလေး ဝင်ဆောင့်မိပါေတာ့တယ်။"ခွပ်! "
"အ..! အိုက်ယား....! "
ခွပ်ခနဲမြည်သံနဲ့အတူ ရှောင်းကျန့် ခမျာ ပူထူပျာဝေသွားရတာမို့ နဖူးပေါ် လက်ဖဝါးနဲ့အုပ်ကိုင်ပြီး အော်ညည်းလိုက်ပါတော့တယ်။မဟုတ်မှ အကြီးအကဲက ဦးထုပ်ဆောင်းမထားတာများလား။
အတွေးနဲ့အတူ အကြီးအကဲဆီ ကြည့်လိုက်တဲ့အခါ စားပွဲပေါ်က သားမွေးဦးထုပ်မဟုတ်တဲ့ သားမွေးခေါင်းဆောင်းကိုလှမ်းယူပြီး မျက်နှာမှာအပ်လို့ တစ်ဖက်လှည့်
နေတာတွေ့လိုက်ရပါတယ်။ရှောင်းကျန့်မှာတော့ မျက်ရည်ဝဲတဲ့အထိ
ကို ပူထူနာကျင်သွားရတာရယ်။ အကြီးအကဲကတော့ ဘာမှမဖြစ်သလိုမို့ မျက်စောင်းလက်လက်လေး ထိုးဖို့ပြင်တုန်းမှာပဲ နဖူးပေါ်က ရှောင်းကျန့်လက်ဖဝါးငယ်လေးက ဆွဲယူဖယ်ရှားခံလိုက်ရပါတယ်။နောက်တော့ သားမွေးခေါင်းဆောင်းရဲ့နွေးမြမှုက အစားထိုးဝင်ရောက်လို့လာပါတော့တယ်။တစ်ဖက်လှည့်ပြီး အာငွေ့ပေးထားပုံရတဲ့ ခေါင်းဆောင်းကို အကြီးအကဲက
ရှောင်းကျန့် နဖူးပေါ် ဖွဖွအုပ်မိုးပေးလာ
တာပါပဲ။ ရှောင်းကျန့်လည်း ထင်မှတ်မထားတာမို့ ရုတ်တရက် ကြောင်အသွားရပြီး အကြီးအကဲကို မျက်တောင်မခတ်တမ်း ငေးကြည့်မိသွားတယ်။ အကြီးအကဲက နှုတ်ခမ်းတစ်ဖက်လွင့်တက်နေအောင်ပြုံးပြီး လေသံတိုးဖွဖွနဲ့ပြောလာတာက...
YOU ARE READING
Tales Of The Himalayas (Completed)
Fanfiction"စာမရီ ရေခြုံထားတာတောင္မှ သိပ္မနွေးသလိုပဲနော္..." "လာ...ဒီဘက်ကိုတိုး...ကျုပ္ကိုယ်ငွေ့နဲ့ ထွေးပေးမလို့..."