တိဗက်ပြည်ဟာ ဆောင်းဦးရာသီထဲ လုံးလုံးလျားလျားကျရောက်သွားခဲ့ပြီ။ လောကဓာတ်တစ်ခုလုံး စွတ်စိုမှုန်မှိုင်းပြီး နှင်းတွေတဖွဲဖွဲကျနေသေးတော့တာ။ဒါဟာ တရုတ်ပြည်နဲ့ကွဲပြားတဲ့ရာသီဓလေ့လည်းပဲဖြစ်တယ်။ ဆောင်းဦးမှာတင် နှင်းဖွေးဖွေးနဲ့စိမ့်နေအောင်အေးပြီး ဆောင်းရာသီရောက်တဲ့အခါကျရင်တော့ နှင်းမုန်တိုင်းတွေနဲ့ ဖျစ်ဖျစ်မြည်အောင် ပြင်းထန်တော့မှာပဲဖြစ်ပါတယ်။ဆောင်းလေအေးက အိမ်တော်ထဲ သုတ်ခနဲ ဝေ့ဝဲဝင်လာတယ်။ ရိပေါ် မီးလင်းဖိုမှာမီးစွဲတဲ့အထိ စောင့်လိုက်ပြီး စောင်ပုံထဲကွေးနေမဲ့ ရှောင်ရှောင်းကို သွားခေါ်လိုက်တယ်။ အိပ်ရာထက်က စောင်ပုံဟာ ဖရိုဖရဲဖြစ်နေပြီး ပုစွန်ကွေးလေးရှောင်ရှောင်းကတော့ ရှိမနေခဲ့ပါဘူး။
အိပ်ခန်းပြတင်းကနေ အပြင်ဘက် ဝေ့ကြည့်လိုက်တဲ့အခါမှာတော့ နှင်းတောထဲ ငုတ်တုပ်ထိုင်နေပါတဲ့ ရှောင်ရှောင်း။
ရိပေါ်လည်းစိတ်ပူသွားရပြီး အိပ်ခန်းနဲ့တစ်ဆက်တည်းဖြစ်တဲ့ လသာဆောင်ဆီ အပြေးအလွှား ဦးတည်ရပါတော့တယ်။နှင်းဖွေးဖွေးအောက် ငုတ်တုပ်ထိုင်နေတဲ့ ကျောပြင်ငယ်လေးက တလှုပ်လှုပ်နဲ့ နှင်းဖုံးတဲ့မြေပြင်ပေါ် တစ်ခုခုရေးခြစ်နေပုံရတယ်။
"ရှောင်ရှောင်း...ဘာလုပ်နေတာလဲ..."
ရိပေါ် လှမ်းခေါ်လိုက်တဲ့အခါ ခေါင်းလေးငဲ့စောင်းလို့ လှည့်ကြည့်လာလေရဲ့။ လက်သေးသေးလေးထဲမှာလည်း သစ်ကိုင်းခြောက်တစ်ချောင်းနဲ့။
"ဟင့်အင်း..."
မျက်နှာကလေးငယ်ပြီး အသံလေးက
တိုးဖျော့လွန်းနေတာမို့ ရိပေါ်လည်း လသာဆောင် အရံအတားကို ကျော်လွှားပြီး ရှောင်ရှောင်းရှေ့ အရောက်သွားလိုက်တယ်။ အနားရောက်တဲ့အခါ နှင်းလွှမ်းမြေပြင်ပေါ် သစ်ကိုင်းခြောက်နဲ့ရေးခြစ်ထားပုံရတဲ့ တရုတ်စာလုံးလေးတွေက ဟိုတစ်စ ဒီတစ်စ။"ပါး...မား...သိပ်လွမ်း...ချင်းဟိုင်...ထန်ဟုလု " နှင်းတဖွဲဖွဲကျနေတာမို့ ဖတ်လို့ရသလောက်ကတော့ ဒီလောက်လေးပဲဖြစ်တယ်။
YOU ARE READING
Tales Of The Himalayas (Completed)
Fanfic"စာမရီ ရေခြုံထားတာတောင္မှ သိပ္မနွေးသလိုပဲနော္..." "လာ...ဒီဘက်ကိုတိုး...ကျုပ္ကိုယ်ငွေ့နဲ့ ထွေးပေးမလို့..."