တိဗက်ရဲ့ဆောင်းဉီးဟာ ဆောင်းရာသီဆီတရွေ့ရွေ့တွားသွားတဲ့အခါ မြင်မြင်သမျှအရာရာဟာ ဖွေးဖွေးလှုပ်။အဖြူရောင်
ကဗ္ဗလာစ လွှားတင်ဖြန့်ခင်းထားသလို။ရှောင်းကျန့် စောင်ပုံထဲမှာ ပုံ့ပုံ့ကလေး
ထိုင်နေပါတယ်။ တုန်ခိုက်နေလွန်းလို့ အံ
ကိုတင်းတင်းကြိတ်ထားရတာများ သွားတွေတောင်နာလာတဲ့အထိပါပဲ။ တစ်ချက်တစ်ချက် ကြက်သီးမွေးညင်းတွေပါ ထလာတာမို့ တိဗက်ရဲ့အကြမ်းစားရာသီဥတုကို အတော်လေး မြင်ပြင်းကတ်နေရပြီပဲဖြစ်ပါတယ်။"ရှောင်ရှောင်း..ရေချိုးတော့"
အကြီးအကဲက မျက်နှာကလေးပဲဖော်ထားတဲ့ ရှောင်းကျန့်ကို ခပ်ပြုံးပြုံးကြည့်ရင်းပြောလာတယ်။
"ဟင့်အင်း"
"ရေမချိုးတာဘယ်နှစ်ရက်ရှိနေပြီတုန်း...ချိုးကိုချိုးရမယ်"
"သုံးရက်လေးပဲရှိသေးတဲ့ဟာကို...မချိုး
နိုင်ဘူး"ဒီလောက်အေးစိမ့်နေတာကို အကြီးအကဲက ရေအတင်းချိုးခိုင်းနေတာမို့ ရှောင်း
ကျန့်မျက်စောင်းကလေးတစ်ချက် ဝင့်လိုက်ရင်း နှုတ်ခမ်းတထော်ထော်နဲ့ ပြန်ပြောလိုက်တယ်။အကြီးအကဲက တံခါးဝကနေ ခါးထောက်ရပ်ကြည့်နေတာဖြစ်ပြီး ရှောင်းကျန့်စကားအဆုံးမှာတော့ တစ်လှမ်းချင်းလှမ်းဝင်လာပြီပဲဖြစ်တယ်။"ရှောင်ရှောင်း...မဆိုးရဘူးလေ...ကျုပ်ရေနွေးစပ်ပေးထားတယ်"
နွေးထွေးချိုမြတဲ့အသံက ရှောင်းကျန့်ကို ချော့မော့နေပုံပေါ်လေရဲ့။ဒါပေမဲ့ ရှောင်း
ကျန့်မှ ရေမချိုးချင်ဘဲကို။ ဒီတိုင်းနေရင်းနဲ့တောင် တုန်ခိုက်နေရတဲ့အထဲ။ ရှောင်းကျန့်လည်း ခေါင်းကိုသာ တွင်တွင်ခါလိုက်ပြီး ဂျစ်တစ်တစ်ကလေး ပြန်ပြောလိုက်တယ်။"ဟင့်အင်းလို့..."
ရှောင်းကျန့်စကားအဆုံးမှာ အကြီးအကဲ
က သက်ပြင်းဖွဖွချတယ်။ ပြီးတာနဲ့ စောင်ပုံထဲ ပုံ့ပုံ့ကလေးထိုင်နေတဲ့ ရှောင်းကျန့်ကို ဆတ်ခနဲ ချီ,မပါတော့တယ်။စောင်တွေနဲ့လုံးထွေးနေပြီး အလုံးလေးလိုဖြစ်နေတာမို့ အကြီးအကဲက လွယ်လွယ်ကောက်ပွေ့ရုံပါပဲ။နောက်ဆုံးတော့ အကြီးအကဲခေါ်ရာနောက် စောင်လုံးလေးအတိုင်း ကောက်ကောက်ပါသွားရပြီပဲဖြစ်ပါတယ်။
YOU ARE READING
Tales Of The Himalayas (Completed)
Fanfiction"စာမရီ ရေခြုံထားတာတောင္မှ သိပ္မနွေးသလိုပဲနော္..." "လာ...ဒီဘက်ကိုတိုး...ကျုပ္ကိုယ်ငွေ့နဲ့ ထွေးပေးမလို့..."