ရှောင်းကျန့် အိပ်ရာကနိုးလာတော့ အကြီးအကဲရဲ့ရင်ခွင်ထဲတိုးဝင်မိလျက်သားအနေအထားနဲ့။ ဆီမီးတွေတောင်
ငြိမ်းနေကြပေမဲ့ မိုးလင်းဖို့တော့ လိုသေးတဲ့ပုံပါပဲ။ ခါတိုင်းဆို အကြီးအကဲကအရင်နိုးနှင့်နေပေမဲ့ အခုတော့ ရှောင်းကျန့်က
ဦးအောင်နိုးလာတာပဲဖြစ်ပါတယ်။ရင်ခွင်ထဲ တင်းတင်းကျပ်ကျပ်ပွေ့သွင်းခံထားရတာမို့ ရုန်းဖို့ပြင်တဲ့အခါ ခါးအောက်ပိုင်းက မျက်ခနဲ။
နာကျင်အောင့်မျက်လွန်းတာမို့ ရှောင်းကျန့် မျက်ရည်ကြည်တွေရစ်ဝဲလာရပြီး တိုးတိုးလေး ညည်းတွားလိုက်တယ်။"အား...ကျွတ်စ် ကျွတ်စ်"
အသံသေးသေးလေးဆိုပေမဲ့ သတိကြီးတဲ့ အကြီးအကဲက နိုးလာတယ်ထင်ပါရဲ့။
ဩရှတိုးဖွတဲ့အသံနဲ့ မေးလာတယ်။"ရှောင်ရှောင်း...ဘာဖြစ်လို့လဲ..."
အကြီးအကဲစကားဆုံးတာနဲ့ ရှောင်းကျန့် တစ်ယောက် ရင်အုပ်ကျယ်ကျယ်ကြီးကို လက်သီးဆုပ်လေးနဲ့ထုလိုက်တယ်။ နှုတ်ခမ်းပါးလေးကိုတော့ စူထော်ပစ်လိုက်ပြီး မကျေနပ်သံလေးနှောလို့ ပြောလိုက်ပါတယ်။
"ဟင့်...နာတယ်...အဲ့ဒါ ကိုကိုမကောင်းလို့.."
ရှောင်းကျန့်အပြောကြောင့် အကြီးအကဲ
က ခဏလောက်တုံ့ဆိုင်းသွားပြီးမှ ခပ်ဟဟရယ်လိုက်ပြီး ပြောလာပါရဲ့။"စိတ်မကောင်းပေမဲ့...ကိုကိုကတော့ တော်တော် ကောင်းတယ်...အဟွန်း"
ရှောင်းကျန့်ကို ပိုတိုးဖက်ရင်း ရယ်ရယ်မြူးမြူးနဲ့ပြောလာပုံက မြင်ပြင်းကတ်စရာပါပဲ။အဲ့ဒီအကြီးအကဲဟာလေ လူကိုဆို ကလူကျီစယ်ဖို့ပဲ တွေးတတ်လွန်း။
မမြင်နိုင်မှန်းသိပေမဲ့ ရှောင်းကျန့်ကတော့ မျက်စောင်းကလေး လှစ်ခနဲထိုးပစ်လိုက်တာပါပဲ။ အကြီးအကဲက ရှောင်းကျန့်ကျောပြင်လေးကို ဖွဖွပုတ်ပြီး ခပ်တိုးတိုးပြောလာပြန်တယ်။
"ပြန်အိပ်အုံးနော်...ကျုပ်အချစ်လေး ပင်ပန်းထားတဲ့ဟာကို.."
ကြည့်...။ ရှက်ပါတယ်ဆိုမှ။ လူကိုဘယ်လိုတွေ လာလာပြောနေတယ်ကို မသိပါဘူး။ ရှောင်းကျန့်လည်း စိတ်သေးသေးလေးတိုသွားရပြီမို့ ကြွက်သားစိုင်တွေနဲ့ တင်းရင်းနေတဲ့ ရင်အုပ်ကြီးကို ယုန်သွားလေးနဲ့ ဖိကိုက်ပစ်လိုက်တယ်။
YOU ARE READING
Tales Of The Himalayas (Completed)
Fanfiction"စာမရီ ရေခြုံထားတာတောင္မှ သိပ္မနွေးသလိုပဲနော္..." "လာ...ဒီဘက်ကိုတိုး...ကျုပ္ကိုယ်ငွေ့နဲ့ ထွေးပေးမလို့..."