ဆောင်းလေက ခုတလော အတော်ကြမ်းလာတယ်။ ကောင်းကင်တစ်ခွင်လုံး မှုန်မှိုင်းနေပြီး နှင်းမုန်တိုင်းရဲ့အငွေ့အသက်တွေကို ခပ်ရေးရေးခံစားမိစေသလိုလို။
ရိပေါ် ဖီချူးလက်ကောက်လေးမှာ နာမည်ရေးထွင်းနေရင်း မီးလင်းဖိုကို လှမ်း
ကြည့်တော့ ရှောင်ရှောင်းက မီးလင်းဖိုရှေ့မှာ ငုတ်တုပ်ကလေး ထိုင်ငိုက်နေလေရဲ့။ ဆံနွယ်တွေကို ဖြေချထားတာမို့ ခေါင်းလုံးလုံးလေးကို ဒူးပေါ်မှေးတင်ထားတဲ့အခါ ဆံနွယ်အဖျားတွေဟာ သားမွေးကော်ဇောပေါ် ပုံထွေးထိခတ်လို့နေတယ်။ချမ်းလွန်းလို့ အိပ်ရာထဲမကွေးနိုင်တော့ဘဲ မီးလင်းဖိုရှေ့ လာငိုက်နေသူလေးကို သနားပိုရပေမဲ့ ဒီပုံစံလေးက ပိုလို့တောင်ချစ်ဖို့ကောင်းနေသေးတာမို့ ရိပေါ်ခပ်ပြုံးပြုံးပဲ ငေးကြည့်နေလိုက်တယ်။
မီးဖိုဆီက တဖျစ်ဖျစ်တောက်လောင်သံတွေက ရှောင်ရှောင်းကို ချော့သိပ်ပေးနေသလိုပါပဲ။
အိပ်ငိုက်နေရင်း တစ်ချက်တစ်ချက် ခန္ဓာကိုယ်လေး ယိမ်းသွားတဲ့အခါ လှမ်းငေးနေတဲ့ရိပေါ်မှာ ထိန်းဖမ်းဖို့ လက်တပြင်ပြင်နဲ့ မချင့်မရဲဖြစ်နေရတော့တာပါပဲ။အိပ်ပုတ်လေးကတော့ ငိုက္မြည်းနေလိုက်တာများ အသက်ရှူသံသေးသေးလေးတောင် ထွက်လို့ရယ်။ရိပေါ် လက်ထဲက တိဗက်ရိုးရာ ဖီချူးကျောက်လက်ကောက်ကလေးက
ရှောင်ရှောင်းအတွက် ရည်ရွယ်ပါတယ်။
ဒါကြောင့်မို့ ရှောင်ရှောင်းနာမည်ကို တရုတ်စာလုံးနဲ့ ထွင်းထုနေတာဖြစ်တယ်။ နာမည်ထွင်းတဲ့အမှု လက်စသတ်အပြီးမှာတော့ လက်ကောက်လေးကို သေတ္တာ
ငယ်ထဲ ထည့်သွင်းသိမ်းလိုက်တယ်။ လက်ဆောင်ပေးဖို့ရာအတွက် အချိန်မကျသေးလို့ပဲဖြစ်ပါတယ်။"ရှောင်ရှောင်း"
"အွန်..."
ရိပေါ် ရှောင်ရှောင်းအနားမှာဝင်ထိုင်လိုက်ပြီး ပခုံးလေးကိုဖွဖွပုတ်နှိုးတော့ အသံပေးလာရှာတယ်။ လူကတော့ ခေါင်းထောင်မလာသေး။
"သိပ်ချမ်းနေလို့လား ကလေး.."
"အွန်အွန်း..."
ရိပေါ် တိုးဖွဖွမေးလိုက်တဲ့အခါ ရှောင်ရှောင်းက အသံသေးသေးလေးနဲ့ပြန်ဖြေလာတယ်။ ဒါတောင် ချက်ချင်းပြန်ဖြေနိုင်တာမဟုတ်ဘူးရယ်။ အတော်ကြာမှ ထွက်လာတဲ့ လေသံပိစိေလးပါပဲ။
YOU ARE READING
Tales Of The Himalayas (Completed)
Fanfiction"စာမရီ ရေခြုံထားတာတောင္မှ သိပ္မနွေးသလိုပဲနော္..." "လာ...ဒီဘက်ကိုတိုး...ကျုပ္ကိုယ်ငွေ့နဲ့ ထွေးပေးမလို့..."