"ကိုကို! "
ရှောင်းကျန့်ခေါ်သံ ဖျော့တော့တော့လေးအဆုံးမှာ အလံငယ်လေးကို ကောက်ငင်လိုက်တဲ့အကြီးအကဲက အကြည့်နွေးနွေးနဲ့ ငေးစိုက်ကြည့်လာတယ်။
နောက်တော့ ဖွဖွပြုံးလိုက်ပြီး ရှောင်းကျန့် လက်ဖျားလေးနှစ်ဖက်ကို အသာအယာကိုင်ဆွဲထူမ လို့ ပြိုင်တူမတ်တပ်ရပ်လိုက်ပါတယ်။မျက်နှာချင်းဆိုင်အနေအထားဖြစ်သွားတာမို့ ရှောင်းကျန့်မှာ အလွမ်းကြီးလွမ်းနေရတဲ့ အမျိုးသားကို ခေါင်းကလေးမော့လို့ ငေးရတာပါပဲ။
အကြီးအကဲက မုတ်ဆိတ်မွေးရေးရေးနဲ့ဖြစ်နေပေမဲ့ ဘာဆိုဘာမှပြောင်းလဲမသွားဘူးပဲ။ အရင်လို ထက်ရှတဲ့မျက်ဝန်းတွေနဲ့အတူ ကြည်စင်ခံ့ညားနေတုန်းပါပဲ။
ရှောင်းကျန့်ငေးစိုက်ကြည့်နေရင်း မျက်ရည်တွေဝေ့သီလာတာမို့ ပုံရိပ်တွေ
က တဖြည်းဖြည်းနဲ့ ဝေဝေဝါးဝါး။နှုတ်ခမ်းကလေးပါ ဆတ်ခနဲ မဲ့အကျမှာတော့ အကြီးအကဲက ရှောင်းကျန့် ပါးပြင်နုနုကို ဖွဖွအုပ်ကိုင်လာပြီး မျက်နှာလေးကို နီးနီးကပ်ကပ်စိုက်ကြည့်လို့လာတယ်။နောက်တော့ ရှောင်းကျန့် နှုတ်ခမ်းပါးအောက်က မှဲ့နက်ကလေးဆီ လက်ညှိုးထိပ်နဲ့ဖွဖွတို့ထိလိုက်ပြီး တိုးဖွဖွပြောလာပါတယ်။
"လွမ်းတယ်...သိပ်လွမ်းနေခဲ့တာ..."
"ကျွန်တော်ရောပဲ..."
အကြီးအကဲရဲ့ ဩရှရှအသံအဆုံးမှာတော့ ရှောင်းကျန့်ရဲ့ အသံတိုးဖွဖွလေးက
ကပ်လျက်လိုက်ပါ ထွက်ကျလာပါတယ်။"ဖြူဖျော့သွားလိုက်တာ..ကျုပ်ကြင်ဖက်ကလေး ဒီအတောအတွင်း ပင်ပန်းခဲ့မှာပဲ.."
အကြီးအကဲက လေမြူးချိန်မို့ ရှောင်းကျန့်ရဲ့မျက်နှာပေါ်ကပ်ငြိလာတဲ့ ဆံနွယ်မျှင်လေးတွေကို စိတ်ရှည်လက်ရှည် ဖယ်ရှားပေးရင်း တိုးဖွဖွပြောလာတယ်။
"အွန်အွန်း..."
အကြီးအကဲအပြောကြောင့် ရှောင်းကျန့်ခေါင်းလုံးလုံးလေးကို ဆတ်ခနဲညိတ်အပြမှာတော့ မျက်ရည်စတွေက ပါးပြင်နုနုပေါ်ပြိုဆင်းကျလာပြီပဲဖြစ်ပါတယ်။အကြီး
အကဲက မျက်ရည်စတွေကို လက်မနဲ့
ဖွဖွတို့သုတ်ပေးရင်း ရှောင်းကျန့်ကို လေးလေးနက်နက်စိုက်ကြည့်လို့ နူးနူးညံ့ညံ့ပြောလာတာက...
![](https://img.wattpad.com/cover/310229021-288-k169801.jpg)
YOU ARE READING
Tales Of The Himalayas (Completed)
Fiksi Penggemar"စာမရီ ရေခြုံထားတာတောင္မှ သိပ္မနွေးသလိုပဲနော္..." "လာ...ဒီဘက်ကိုတိုး...ကျုပ္ကိုယ်ငွေ့နဲ့ ထွေးပေးမလို့..."