(6)Unicode

5.6K 624 19
                                    


ညနေရဲ့ရွှေအိုရောင်နေခြည်ဖျော့ဖျော့က တောင်အထွတ်အဖျားဆီ ဦးခိုက်လို့နေတယ်။ မကြာခင်နေဝင်တော့မှာဖြစ်တဲ့အတွက် ရိပေါ် ကုလားအုတ်ကို ခပ်သွက်သွက္ မောင်းနှင်လိုက်တယ်။
တောင်ပေါ်မြေသားလမ်းဟာ မညီမညာနဲ့မို့ ရင်ခွင်ထဲက အကောင်ပေါက်လေးက ဘယ်ညာယိမ်းလို့ လူးလိမ့်နေပါတယ်။

ရိပေါ်လည်း ဇက်ကြိုးကို တင်းတင်းဆွဲလိုက်ရင်း လက်တစ်ဖက်က အကောင်ပေါက်လေးရဲ့ ခါးသွယ်သွယ်ကို သိမ်းပွေ့ထိန်းကိုင်လိုက်တဲ့အခါ ဆတ်ခနဲတုန်သွားပြီး ရိပေါ်ဘက်ကို ခေါင်းလေးငဲ့လို့ ကြည့်လာရှာတယ်။

မျက်ဝန်းသွယ်တွေက နေရောင်ခြည်နဲ့ ထိခတ်လိုက်တဲ့အခါ လက်ခနဲလင်းတယ်။ အံ့ဩဟန်နဲ့ နှုတ်ခမ်းကလေးကို လှစ်ဟထားတာမို့ ယုန်သွားဖွေးဖွေးတွေက ပြူတစ်တစ်လေးထွက်နေလေရဲ့။

နီးကပ်လွန်းတဲ့အခြေအနေမို့ ရိပေါ်လည်း အရှေ့က လမ်းပန်းအခြေအနေကိုတစ်ချက်အကဲခတ်ပြီးတာနဲ့ ပါးပြင်နုနုဆီ ဖျတ်ခနဲမွှေးကြူပစ်လိုက်တယ်။ အကောင်ပေါက်လေးက မျက်ဝန်းတွေပြူးကျယ်သွားပြီးတာနဲ့ အရှေ့ကို ဆတ်ခနဲပြန်လှည့်သွားတော့တာပါပဲ။

ရိပေါ် နှုတ်ခမ်းစွန်းတစ်ဖက် လွင့်တက်နေအောင်ပြုံးလိုက်ရင်း အကောင်ပေါက်လေးရဲ့ ခါးပေါ်က လက်ချောင်းသွယ်တွေဆီ ပိုလို့ အားထည့်ထွေးဖက်လိုက်တဲ့အခါမှာတော့ ခါးလေးတစ်ချက်တွန့်သွားပြီးတာနဲ့ ငြိမ်ကျသွားတော့တာပါပဲ။
ကုလားအုတ်ရဲ့ ရွေ့လျားမှုအတိုင်း မလိုက်ပါတော့ဘဲ ဒီတိုင်း တောင့်တောင့်ကလေး တင်းထားတော့တာရယ်။

တရုတ်ပြည်ကို အလာခရီးမှာ ရပ်နားခဲ့တဲ့ခရီးစခန်းကတော့ အသင့်အတင့်ကျယ်ဝန်းတဲ့ဂူတစ်လုံးပဲဖြစ်ပါတယ်။ ရိပေါ်တို့အဖွဲ့က အမြန်နှင်ခဲ့ကြတာကြောင့် ဂူဝဆီရောက်တဲ့အခါ နေလုံးဟာ ဝင်လုဆဲဆဲမို့ အချိန်မီကလေး ရောက်တယ်ပြောရမှာပဲ။ ဂူထဲကိုလှမ်းအကဲခတ်လိုက်တဲ့အခါ ကြိုတင်စုဆောင်းထားခဲ့တဲ့ ထင်းတချို့က ခြေရာလက်ရာမပျက်ရှိနေတုန်းပါပဲ။မိုးချုပ်ပြီမို့ ထင်းရှာစရာမလိုတော့တာကလည်း အတော့်ကိုအဆင်ပြေရပါတယ်။

Tales Of The Himalayas (Completed)Where stories live. Discover now