(20)Unicode

4.4K 485 9
                                    


"ရှောင်ရှောင်း...အိပ်ပုတ်လေး...ထတော့...ကိုကိုပြန်လာပြီလေ...ကလေးရဲ့..."

"ကိုကို...ကိုကို! ! ! "

ဟင်...အိပ်မက္ပဲလား။ရှောင်းကျန့်ရုတ်တရက်လန့်နိုးလာတော့ မျက်ဝန်း
သွယ်မှာ မျက်ရည်စတွေခိုသီးလို့နေတယ်။အိပ်မက္ထဲ အကြီးအကဲပြန်လာတယ်ချည်း မက္နေပေမဲ့ တကယ်တမ်းကျ အိပ်ရာပေါ်က လူတစ်ကိုယ်စာနေရာလွတ်ကလေးက အေးတိအေးစက်။

စောင့်ဆိုင်းခြင်းတွေနဲ့ အသားကျနေပြီဖြစ်တဲ့ ရှောင်းကျန့်က ဆုတောင်းခြင်းတွေကိုပါ ဖက်တွယ်မက္မောတတ်နေပြီပဲဖြစ်တယ်။ သိပ်စောလွန်းတဲ့အချိန်ဆိုပေမဲ့ ရှောင်းကျန့်အိပ်ရာကနေ ကမန်းကတန်းထလိုက်တယ်။

ကိုယ်လက်သန့်စင်ပြီးတာနဲ့ ခြုံလွှာတစ်ထည်ကောက်လွှမ်းလို့ သားမွေးခေါင်းဆောင်းဖြူလွလွကို ဆောင်းတယ်။အိမ်ရှေ့ခန်းမှာ အတုံးအရုံးအိပ်ပျော်နေကြတုန်းဖြစ်တဲ့ ဝမ့်ချက်ခ်နဲ့ မာချော့ကို ချန်ရစ်လို့ အိမ်တော်အပြင်ဘက်ဆီ ခြေလှမ်းလေးတွေ လှမ်းဖို့ပြင်ရပြန်ပါတယ်။

ခြေတစ်လှမ်းလှမ်းတိုင်း ဖိနပ်ထိပ်ဖျားတွေက နှင်းထုဖွေးအုအုထဲ ​တတိတိမြုပ်တယ်။အချမ်းဒဏ်ကို အန်တုလို့ လာမားကျောင်းတော်ဆီ ဝတ်ပြုဆုတောင်းဖို့ ခြေလှမ်းသွက်သွက်လှမ်းရပါရဲ့။ဒီအတောအတွင်း ရှောင်းကျန့်က အရင်လို အိပ်ရာထဲ ကွေးနေတတ်တဲ့ ပုစွန်ကွေးလေးမဟုတ်တော့တာ အသေအချာပါပဲ။

လာမားဘုန်းတော်ကြီးတွေရဲ့ ဝတ်ပြုဆုတောင်းသံဟာ ဖြဖြညီညာနေပါတယ်။အရင်လိုမဟုတ်တော့တဲ့ ရှောင်းကျန့်က နားမလည်ပေမဲ့ မျက်လွှာချလို့ ငြိမ်ငြိမ်ကလေး ဝတ်ပြုနေတတ်ပြီပဲဖြစ်တယ်။

တစ်ချက်တစ်ချက် အမွှေးတိုင်ငွေ့တလူလူကြားက ဗုဒ္ဓရုပ်ပွားတော်ကို မျက်လွှာပင့်လို့ အားကိုးတကြီးမော့ကြည့်ဦးခိုက်ရတာပါပဲ။ ရှောင်းကျန့်ရဲ့ကိုးကွယ်ရာဟာ ဗုဒ္ဓအပြင် တခြားရှိမနေခဲ့ဘူးပဲဖြစ်ပါတယ်။

ဝတ်ပြုပြီးတဲ့အချိန်ဆို လာဆာမြို့က
လေးက နှင်းပွင့်နှင်းမှုန်တွေကို တိုးတိုက်
လို့ လင်းချင်းစပြုနေပြီရယ်။ ရှောင်း
ကျန့်ကတော့ ဝတ်ပြုကျောင်းဆောင်ရဲ့ ကြမ်းပြင်ပေါ် ဆုတောင်းစာတွေ တကုပ်ကုပ်ထိုင်ရေးတော့တာပါပဲ။
တိဗက်ဆုတောင်းအလံတွေပေါ် တရုတ်
စာလုံးတွေ ရေးခြစ်ဆုတောင်းရတာကိုးရိုးကားရားနိုင်ပေမဲ့ ရှောင်းကျန့်ကတော့ ချရေးပစ်လိုက်တာပါပဲ။

Tales Of The Himalayas (Completed)Where stories live. Discover now