ရှောင်းကျန့်ရဲ့နေ့ရက်တွေက စကားမပြောဘဲ လက်ဟန်အမူအရာတွေနဲ့သာဖြတ်သန်းနေရတယ်။ ဝမ့်ချက်ခ်နဲ့မာေချာ့က သူတို့အချင်းချင်းတောင် သိပ်စကားပြောလေ့မရှိတာမို့ ရှောင်းကျန့်မှာ အပျင်းကြီးပျင်းနေရတော့တာပါပဲ။
ဝမ့်ချက်ခ်က မီးမပြတ်ဖိုပေးပြီး မာချော့က ရှောင်းကျန့် ကြိုက်နိုင်လောက္မဲ့ အသားတွေ ကင်လိုက်ပေါင်းလိုက်နဲ့ တကုပ်ကုပ်အလုပ်ရှုပ်နေတတ်တယ်။ ရှောင်းကျန့်ကတော့ အိပ်ရာထဲကွေးချင်တဲ့အခါကွေးပြီး မီးဖိုဘေး အရသာရှိတဲ့အသားတွေ လွေးပစ်လိုက်တာပါပဲ။
ပြီးရင်တော့ လက်မလေးနှစ်ချောင်း ထောင်ပြပြီး ချီးကျူးရတာပေါ့။ ဝမ့်ချက်ခ်နဲ့ မာချော့ကတော့ မျက်ပေတုံးလေးတွေ ပိတ်ကျသွားတဲ့အထိ ရှောင်းကျန့်ကိုကျေနပ်ပြုံးတွေ ပြန်ပြုံးပြတတ်သေးတာရယ်။
ဒီအတောအတွင်း ရှောင်းကျန့်ရဲ့စိတ်အ
စုံက အကြီးအကဲကို ပြင်းပြင်းပြပြလွမ်းတတ်လာတယ်။ အအေးဒဏ်ကြောက်တဲ့ ရှောင်းကျန့်က သားမွေးစောင်တွေအားကိုးနဲ့ လသာဆောင်မှာထွက်ရပ်လို့ မြောက်ပိုင်းဒေသကိုမှန်းမျှော်ငေးတတ်လာပါတယ်။ နှင်းအမှုန်အမွှားဖွေးလွလွတွေ လွင့်စင်နေတာကိုတောင် သတိမမူမိတော့တဲ့အထိ။အဲ့သလိုဆိုရင်တော့ ဝမ့်ချက်ခ်နဲ့မာချော့
က သူတို့ရှင်းပြလို့ နားမလည်မဲ့အတူတူ ရှောင်းကျန့်ကို အိမ်တော်ထဲ ဆွဲလွဲသွင်းတော့တာပါပဲ။
ရှောင်းကျန့်မှာတော့ သားမွေးစောင် အပုံအလိုက်၊အထွေးလိုက်နဲ့ တွန်းတိုက်ပါသွားရတော့တာရယ်။ ပြီးရင်တော့ မီးလင်းဖိုဘေး ထိုင်စေပြီး လူကိုမျက်စိဒေါက်ထောက် ကြည့်နေကြပြန်တာပါပဲ။ နှာကလေးများ မချေလိုက်လေနဲ့ ချက်ချင်းကို မဂျစ်ဥတွေထောင်းထု ရှူခိုင်းတော့တာရယ်။ဝမ့်ချက်ခ်နဲ့ မာချော့က အကြီးအကဲစကားဆို တသွေမတိမ်းလိုက်နာပုံပါပဲ။ ဂရုစိုက်တတ်လွန်းပုံက နေ့လယ်ခင်းရောက်တာနဲ့ ရှောင်းကျန့်မှာ ထွက်တောင်ပြေးချင်မိတဲ့အထိ။ဘာလို့ဆို နှစ်ယောက်သားက ရေနွေးစပ်ပြီးတာနဲ့ လူကို ရေချိုးဆောင်ဆီ ဆွဲလွဲခေါ်တတ်ကြလို့ပါပဲ။
YOU ARE READING
Tales Of The Himalayas (Completed)
Fanfikce"စာမရီ ရေခြုံထားတာတောင္မှ သိပ္မနွေးသလိုပဲနော္..." "လာ...ဒီဘက်ကိုတိုး...ကျုပ္ကိုယ်ငွေ့နဲ့ ထွေးပေးမလို့..."