(3)Zawgyicode

2.5K 109 1
                                    

ရိပေါ် နိုးလာတော့ နူးညံ့တဲ့အထိအတွေ့ နွေးနွေးကလေးပေါ် ဖက်တွယ်အုပ်မိုးလျက်သားအနေအထားနဲ့။ ညဉီးပိုင်းမှာ မင်္ဂလာသေရည်သောက်တာများသွားတာမို့ အမူးလွန်ပြီးအိပ်ပျော်သွားတာပဲ။ ​ဟန်တွေရဲ့ သေရည်က ရိပေါ်နဲ့ နည်းနည်းစိမ်းသက်နေတာကြောင့်လည်းပါမယ်ထင်ပါရဲ့။ ရိပေါ်  ခန္ဓာကိုယ်ကို ခပ်ဖြည်းဖြည်း ကြွလို့ ထလိုက်ပြီး သူ့အောက္မှာ အိပ်ပျော်နေပြီဖြစ်တဲ့ သတို့သားလေးကိုအားတုံ့အားနာကြည့်နေမိတယ်။

သူ့သတို့သားလေးက တကယ့်အလှလေး။ နုစင်ဖူးသစ်နေတဲ့မျက္နှာလေးက အိပ်မောကျနေချိန်မို့ ပိုလို့တောင် ကြည်ရှင်းနေသေးတော့တာရယ်။ ရိပေါ် တစိမ့်စိမ့်ကြည့်နေရင်းကနေ နှုတ်ခမ်းပါးရဲရဲလေးအောက်က မှဲ့နက်လေးကို လက်ညှိုးထိပ်နဲ့ဖွဖွတို့လိုက်တယ်။ အကောင်ပေါက်လေးက အင်းခနဲ သံရှည်ဆွဲလို့ယောင်ယမ်းညည်းလိုက်တာမို့ ရိပေါ် လက်တောင်တွန့်သွားရသေး။ ရိပေါ် လည်း သွားတန်းလေးပေါ်တဲ့အထိ အသံမထွက်အောင်ကျိတ်ရယ်ချလိုက်တယ်။

တဆိတ်...တစ်ဖက်သားအိပ်ပျော်နေတုန်း ခိုးပြီး တို့ထိရတာ စိတ်လှုပ်ရှားစရာသိပ်ကောင်းတယ်...။

လင်းကြက်တောင်တွန်နေပြီမို့ အရုဏ်ချိန်ရောက်လုပြီပဲဖြစ်တယ်။ ရိပေါ် ပြန်အိပ်လို့လည်း မရတော့ပြီမို့ အကောင်ပေါက်လေး
ကို နေရာချဖို့ပြင်ရတယ်။ အရွှေ့အပြောင်းမှာ တစ်ချက်တစ်ချက် ညည်းတွား
သံပိစိလေးထွက်လာတတ်တာကလွဲလို့ အောင်မြင်သွားတာပါပဲ။

နောက်တော့ ရိပေါ် ရဲ့ ဝဲဘက်လက္မောင်းကိုဆန့်ချလိုက်ပြီး အကောင်ပေါက်လေးရဲ့ ခေါင်းလုံးလုံးလေးကို လက္မောင်းပေါ် ဖွဖွကလေးတင်လိုက်တယ်။ဆံထိုးဖြုတ်မထားတာမို့ အသာအယာဆွဲဖြုတ်ပေးရပါသေးရဲ့။ပြီးတာနဲ့ နဖူးပြင်ပြေပြလေးဆီ အနမ်းဖွဖွပေးလို့ အတွေးရေယဉ္ထဲ စီးမျောပစ်လိုက်ပါတော့တယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ရိပေါ် ရဲ့ တိဗက်နာမည်က ရှီဂါရာ။
တိဗက်လူမျိုးအကြီးအကဲဖြစ်တဲ့ ရိပေါ်အပါးက ဟန်လူမျိုးဖြစ်တဲ့ ရိပေါ်မာမားနဲ့ လက်ဆက်ခဲ့တာမို့ ရိပေါ်က တိဗက်နာမည်ကိုပဲသုံးရတယ်။ ဒါပေမဲ့ မာမားက ဝမ်မျိုးရိုးမို့ ရိပေါ်ကို ဟန်တရုတ်နာမည်လေးတစ်ခု သီးသန့်မှည့်ခေါ်ပေးခဲ့တယ်။
မြင့်မြတ်တဲ့ ဟန်လူမျိုးသွေးနှောတစ်ယောက္မှန်း သိသာစေတဲ့အချက်ဆိုပေမဲ့ တန်ဖိုးထားရတဲ့တိဗက္မျိုးနွယ်စုကို ငဲ့ကွက်ချင်တာမို့ ရိပေါ် မသုံးစွဲဖြစ်ခဲ့ပါဘူး။

Tales Of The Himalayas (Completed)Where stories live. Discover now