(4)Unicode

6.1K 639 7
                                    


ရှောင်းကျန့်နိုးလာတဲ့အခါ ခုတင်ပေါ် အကျအန လဲလျောင်းလျက်သားအနေအထားနဲ့ဖြစ်ပြီး အကြီးအကဲက
တော့ အနားမှာရှိမနေတော့ပါဘူး။အဲ့ဒါလည်း တစ်ခုတော့ကောင်းတာပါပဲ။အနည်းဆုံးတော့ မျက်နှာပူရ သက်သာတာပေါ့။

ရှောင်းကျန့်လည်း အပျင်းကြောဆန့်လိုက်ရင်း ဆတ်ခနဲ ထလိုက်တဲ့အခါ ကျောပြင်တစ်လျှောက်ကနေ ခါးအထိ အောင့်မျက်သွားရတယ်။သေချာပေါက် အကြီးအကဲခန္ဓာကိုယ်အလေးကြီးနဲ့ ဖိခံခဲ့ရလို့ပဲ ဖြစ်
ပါတယ်။ခါးကို ဖွဖွဖိကိုင်လို့ ဇက်ကို ဘယ်ညာလှည့်လို့ချိုးလိုက်တော့ စားပွဲ
ပေါ်က ဆံထိုးလေးဆီအကြည့်ရောက်သွားတယ်။ ရှောင်းကျန့် မှတ်မိသလောက်ဆို ဆံထုံးတောင်​မ​ဖြေမိဘဲ အိပ်မိသွားတာရယ်။ မဟုတ်မှ အကြီးအကဲကိုယ်တိုင် ဆံထိုးချွတ်ပေးထားတာများလား။

အတွေးနဲ့အတူ ရှောင်းကျန့် လည်း ပြေလျော့ပွရွနေတဲ့ဆံထုံးလေးကို လက်ချောင်းသွယ်တွေနဲ့ ဖွဖွလေးစမ်းလိုက်တယ်။ နောက်တော့ မှဲ့နက်ကလေး ဆတ်ခနဲ ရွေ့လျားမှုနဲ့အတူ မနက်ခင်းကို ရှက်ပြုံးလေးနဲ့ စတင်ပါတော့တယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ရှောင်းကျန့် မနက်စာစားပြီးတာနဲ့ အိမ်တော်ဝန်းထဲက ကျောက်သားစားပွဲမှာ
သွားထိုင်နေလိုက်တယ်။ အစေခံတွေကတော့ မင်္ဂလာပွဲ အခင်းအကျင်းလက်ကျန်တွေကို သိမ်းဆည်းနေကြတုန်းပဲဖြစ်ပါတယ်။ခုထိတော့ အကြီးအကဲရဲ့ အရိပ်အယောင်တောင် မမြင်ရသေး။

တစ်ယောက်တည်း ငေါင်ငေါင်လေးထိုင်
နေရင်းကနေ မကြာခင်မှာ ဒီအိမ်တော်ကနေ ထွက်ခွါသွားရတော့မှာပါလားဆိုတဲ့ အသိဝင်လာတဲ့အခါ ရင်ထဲ တင်းကျပ်ကျပ်ကလေးဖြစ်သွားရတာမို့ လေသိမ်းတိုင်းယိမ်းနေတဲ့ မိုးမခပင်ကို ခေါင်းမော့ကြည့်ပြီး လေပူသေးသေးလေး မှုတ်ထုတ်လိုက်ပါတယ်။

မိုးမခပင်ရဲ့ အခက်အလက်တွေကတော့ တွဲလွဲဆွဲလို့ ကခုန်နေကြတုန်းပဲ။လေသိမ်းတိုင်း တရှဲရှဲမြည်နေသံက လှောင်ပြောင်ရယ်မောနေသလိုလို။ တဆိတ်...ဝမ်းပန်းတနည်းဖြစ်နေရတဲ့ ရှောင်းကျန့်ကိုမှ အားမနာဘဲနဲ့လေ။မျက်ရည်ကြည်တွေတောင် မျက်ဝန်းသွယ်ထဲ ဝေ့သီချင်လာပြီမို့ တော်တော်ကြာတဲ့အထိ ခေါင်းလေးပင့်မော့ထားရပါသေးရဲ့။

Tales Of The Himalayas (Completed)Where stories live. Discover now